ထမင်းစားမြိန်စေမယ့် ဆိတ်သားခြောက်ထောင်း
ထမင်းစားမြိန်စေမယ့် ဆိတ်သားခြောက်ကို အိမ်တွင်လွယ်လင့်တကူလုပ်နိုင်ပြီး ရေနွေးကြမ်းလေးနှင့် မြည်းလို့ရတဲ့ ဆိတ်သားခြောက်ထောင်းလေးကို တင်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ဆိတ်သားခြောက်၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးစိမ်း၊ ရှမ်းနံနံ၊ ပင်စိမ်း၊ သံပရာသီး၊ ဆီ၊ ဆားတို့ လိုအပ်ပါတယ်။
ပထမဆုံး ဆိတ်သားခြောက်ကို ဒယ်အိုးထဲထည့် ရေထည့်ပြီး ရေခန်းအောင် ပြုတ်ထားပါ။ ပြီးလျှင် ဆိတ်သားခြောက်ကို အမျှင်လေးများဖြစ်အောင် မွထားပါ။
ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးစိမ်း၊ ဆားတို့ကို ထည့်ထောင်းပါ။ ညက်ပြီဆိုရင် ရှမ်းနံနံ၊ ပင်စိမ်းတို့ကို လှီးဖြတ်ပြီး ရောထောင်းထားပါ။
ပြီးနောက် မွထားတဲ့ ဆိတ်သားမျှင်လေးတွေကို သမအောင်ထောင်းပြီး ဆီ၊ သံပရာသီးလေးညှစ်ထည့်၍ အသင့်သုံးဆောင်နိုင်ပါတယ်။
