4 w - Translate

ကိုယ် စိတ်ချမ်းသာနေတာ
ကိုယ်ပဲ သိနေတာကောင်းတယ်
ကိုယ် စိတ်ဆင်းရဲနေလည်း
ကိုယ်ပဲ သိနေတာကောင်းတယ်
လူများများသိလေ
ကိုယ့်သောကပေါ့သွားလေ မဟုတ်တော့တဲ့
ခေတ်ကြီးမှာ
တစ်ချို့အရာတွေက
ကိုယ်ပဲသိ
ကိုယ်ပဲ ကျော်ဖြတ်ဖြေရှင်းသွားနိုင်ရင်
အကောင်းဆုံးပါပဲ
ကိုယ်ဖြစ်တာတွေအတွက် စိတ်ရင်းအမှန်နဲ့
လိုက်ခံစားပေးနိုင်သူဆိုတာလည်း
ရှားလာတယ်
အကြောင်းသိလေလေ
အားနည်းချက် ဖိနင်းလေလေဆိုတာတွေလည်း
ပိုများပြားလာတယ်
တစ်ပါးသူပေးတဲ့ အင်အားထက်
ကိုယ်တိုင်တည်ဆောက်ထားတဲ့
စိတ်ခွန်အားကတော့
ဘဝမှာ အသန်မာဆုံးပဲ။

image