>> ရေချိုးပြီးရင် မှန်ကြည့်ကြည့်ပါ ***
>> သင့်မျက်လုံးနီနေရင် သတိထားပါ ***
ရေချိုးပြီးလျှင်မျက်စိနီခြင်းသည် လေဖြတ်မည့်ရှေ့ပြေးလက္ခဏာတွင်ပါဝင်သည်။
အထူးသဖြင့်မျက်စိနီခြင်းသည်ဘယ်ခြမ်း သို့မဟုတ် ညာခြမ်းတစ်ဘက်ဘက်တွင်ဖြစ်လေ့ရှိသည်။
ထိုအခြမ်းတွင်ပင်လေဖြတ်သည်ကိုတွေ့ရသည်။စာရေးသူ၏သုတေသန လေဖြတ်မည့်လက္ခဏာ(၉)ချက်တွင်ဤအချက်သည် နောက်ဆုံးမှဖြစ်သော်လည်း ထိပ်ဆုံးမှအရေးကြီးသည်။သွေးတိုးရှိနေသူများ၊သွေးတိုးရှိနေသည်ကိုသတိမထားမိသူများသည် ရေချိုးပြီးလျှင် သတိထားကြည့်ကြပါ။
သွေးတိုးကြောင့်ဦးနှောက်သွေးကြောမပြတ်မီဤလက္ခဏာကအရင်ပြပါသည်။
လေဖြတ်ခြင်းကိုကြိုတင်ကာကွယ်ပါ။ဖြစ်မှကုသလျှင် မည်သူမျှ ပကတိပြန်လည်ကောင်းမလာပါ။