နေထိုင်မကောင်းတဲ့အခါ သတိပြုပါ
ဝိညာဏ်ချုပ်ခါနီးလေ
ခန္ဓာကိုယ်ကြီးက
အသက်ရှူရတာ ပင်ပန်းတယ်။
ပိုပြီးတော့ ဆင်းရဲတယ်။
မဆင်းရဲပေဘူးလား။
အော်... ခန္ဓာရတဲ့ ပုဂ္ဂိုလ်
အင်မတန် ဆင်းရဲပါလား
သတိပညာလို့
သတိတစ်လုံး ရှေ့ကထားပြီးတော့ကာ
အဲဒီ ဆင်းရဲတာ မသိနိုင်ဘူးလား။
သိရင် နောက်တစ်ဖန် ခန္ဓာမျိုးကား
ရချင်သေးရဲ့လား။
အဲဒီလို စီစစ်ပြီးတော့ သတိပြုတဲ့အခါ
ဒေါသစိတ်က ဖြစ်သေးရဲ့လား။
အဲဒါ စိတ်မနာတာကွဲ့။
စဉ်းစားဖို့ မကောင်းလား။
အဲဒါ သတိပညာ ဥာဏ်မြေကတုတ်
ပညာချွန်းအုပ်ကဲ့သို့ အုပ်
ပညာချွန်းနဲ့ အုပ်တော့ကာ
မဂ်စိတ် ဖိုလ်စိတ်နဲ့ ဝိညာဏ် ချုပ်ရင်
အဲဒါ သောတာပန်ဖြစ်ရင်
နတ်အရိယာ၊ ဗြဟ္မာအရိယာ ဖြစ်နိုင်တယ်။
ဆက်ပြီးတော့မှ သောတာပန်၊ သကဒါဂါမ်
အနာဂါမ် အဲဒီလိုဆက်ရင်
ရဟန်းက်ိစ္စ ပြီးနိုင်တယ်နော်။
မဂ်စိတ်နဲ့ ဖိုလ်စိတ်နဲ့ ဝိညာဏ်ချုပ်ဖို့
အရေးကြီးတယ်။
ဓမ္မနောက်ပိတ် ဒါနကုသိုလ် သီလကုသိုလ်နဲ့
ဝိဉာဏ်ချုပ်ဖို့နော်။
အဲဒါကြောင့်
နေထိုင်မကောင်းတဲ့အခါ သတိပြုပါ။
အလေ့အကျင့်လုပ်ပါ။
📌 အဂ္ဂမဟာကမ္မဌာနာစရိယ မုံလယ်ဆရာတော်ဘုရားကြီး
#ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်

image