သင့်ခေါင်းထဲကနေ ထုတ်ပစ်သင့်တဲ့အရာ (6) ခု
==================================
၁။သင့်ကို ဂရုမစိုက်တဲ့သူတေကို
သင်ဂရုစိုက်စရာမလိုပါဘူး။
တစ်ချို့လူတေကသူတို့ကို ဂရုစိုက်လေလေ သင့်ကိုပစ်ထားလေလေပါပဲ။ဒီတော့သူတို့ကိုလိုက်ဂရုစိုက်နေမှာထက် ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ပါ။
၂။လူ့ခွစာများကိုဝေးဝေးကရှောင်ပါ။
တစ်ချို့လူတေက အခြားသူ ဘာလုပ်လုပ် အမြဲအပြစ်ပြောနေကြတယ်။ဘုကလန့်တိုက်တက်တယ် ဂျစ်ကန်ကန်နဲ့ စိတ်ထဲရှိ့ ရှိ့သလိုမဆင်မခြင်စကားပြောတက်ကြတယ်။ဒီလို အဆိုးမြင်ဝါဒီရှိသူများကိုရှောင်ရှားပါ။အဆိုးမြင်စိတ်ဓာတ်က သင့်ကိုပါကူးစက်လာစေနိုင်လို့ပါ။
၃။တစ်ခုခုကိုအမြဲသင်ယူလေ့လာနေပါ။
"ပညာလို အိုသည်မရှိ့" ဆိုသလိုပါဘဲ ဘယ်အတက်ပညာမဆို သင်ကြားဖို့ဝန်မလေးပါနဲ့။ငါ့အသက်အရွယ်ကြီးနဲ့မသင့်တော်ပါဘူးလေ ငါငယ်သေးလို့မလိုသေးဘူးဆိုပြီးမတွေးပါနဲ့။
၄။အတိတ်ကအဖြစ်အပျက်တေကိုအတိတ်အကြောင်းတေကို အရမ်းမတွေးပါနဲ့။
အတိတ်မှာအမှတ်ရစရာတေအများကြီးရှိ့ခဲ့မှာပါ။ဒါပေမဲ့ အတိတ်ဆိုတာ အချိန်တစ်ခုမှာ ပြီးသွားခဲ့ပြီးသားအဖြစ်အပျက်တေပါ။နောက်ထပ်ဖြစ်လာမယ့် အတိတ်တွေကိုလှပနေစေဖို့သာ ကြိုးစားပါ။
၅။ ကိုယ့်ကိုယ်ကိုတန်ဖိုးထားပါ။
ကိုယ်ကျင့်တရားကောင်းတဲ့သူကလောကမှာ တန်ဖိုးအရှိ့ဆုံးပါ။ကိုယ့်ကိုယ်ကို အမြဲတမ်း တိုးတက်အောင်ကြိုးစားနေသင့်ပြီး စိတ်ကောင်းကောင်းထားပါ။
၆။ ထင်ချင်သလိုထင်ကြပါစေ။
လူအမျိုးမျိုးစိတ်အထွေထွေရှိ့တယ်ဆိုသလိုပဲ လူတစ်ယောက်နဲ့တစ်ယောက်တန်ဖိုးထားတာတွေ ခံယူချက်တွေနဲ့ အမြင်တွေ မတူညီကြပါဘူး။ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိ့ကြတာမို့ ကိုယ်မှန်တယ်လို့ယုံကြည်တဲ့အရာကို ရဲရဲသာလုပ်ပါ။အခြားလူတေဘယ်လိုထင်သလဲဆိုတာ သင် အရေးစိုက်မနေပါနဲ့။