14 w - Translate

iPhone တွေကို ဒဲ့ဖြုတ်ဖို့ Google နည်းလမ်းတစ်ခု ထပ်တွေ့သွားပြန်ပြီ
လတ်တလောမှာ iPhone တွေရဲ့ အားနည်းချက်လို့ပြောရမှာ AI နဲ့ Design ပိုင်းပေါ့
AI မှာဆိုရင် Apple Intelligence ကြီးက သုံးစားမရလို့ တိုင်ပတ်နေတာကို Google က သာသာနဲ့နာနာလေးနှပ်လိုက်တယ်
“မင်းက မကြာခင် ရမယ့် Feature တစ်ခုကိုကြိုက်လို့ ဖုန်းအသစ်ဝယ်လိုက်တယ် ဒီ Feature က တစ််နှစ်ပြည့်တာတောင်မရပဲ ဖြစ်နေရင် Coming Soon ဆိုတာကို အဓိပ္ပာယ်ပြန်ဖွင့်ဖို့လိုပြီတဲ့ ၊ ဒီလိုမှ မလုပ်ချင်ရင် ဖုန်းအသစ်သာ ပြောင်းပါတဲ့”
Apple Intelligence ကြီးက iPhone 16 Series မှာ ရှယ်ကြေငြာခဲ့ပေမယ့် အခု ဖုန်းအသစ်ထွက်ခါနီးတာတောင် ဘာမှ သိပ်သုံးမရတာကို ဒဲ့ဖြုတ်လိုက်တာပါ
သူက Series နဲ့ထုတ်မယ့်ပုံဗျ ဒုတိယတစ်ခုက ပိုမိုက်တယ်
“နှစ်တွေကြာတာတောင် မင်းရဲ့ဖုန်းက ဘာမှ ပြောင်းလဲမှုသိပ်မရှိရင် ဖုန်းသာ ပြောင်းကိုင်လိုက်ပါတဲ့”
iPhone တွေရဲ့ Design က iPhone 11 ကစလို့ iPhone 16 အထိကို ၆ နှစ်ဝန်းကျင်လောက် ဘာမှ သိပ်မပြောင်းတာကို ဒဲ့ဖြုတ်တဲ့ပုံပါပဲ
Series လိုက်သာ Apple ကို ဒဲ့ဆော်မှာဆိုရင် တတိယ တစ်ခုက ဘာများဖြစ်မလဲ စောင့်ကြည့်ရပါတော့မယ်

image