26 w - Translate

ကျောက်မဲ၊နောင်ပိန်မှာ နှစ်ပေါင်း ၂၀ အကြာမှာ ရုတ်တရက်ရေထပ်ကြီးလို့ လူမျောပါပျောက်ဆုံးမှုရှိခဲ့
ဩဂုတ် ၆ ၊၂၀၂၅
GG (VOM)
ရှမ်းပြည်နယ်၊ကျောက်မဲမြို့နယ်ထဲက နောင်ပိန်ရွာမှာ ဒီနေ့ ဩဂုတ် ၆ ရက်နေ့မနက်ပိုင်းကတည်းကမိုးများပြီး လုပ်ပါကန်ကျိုးပေါက်လို့ ရုတ်တရက်ရေကြီးပြီး ကားနှစ်စီးနဲ့ အတူ လူနှစ်ယောက်မျောပါသွားခဲ့ရာ တယောက်ကိုတော့ အသက်ရှင်ရက်ပြန်ရှာတွေရပြီး တယောက်ကပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်။
မွန်းလွဲပိုင်းလောက်မှာ လုပ်ပါရွာမှာရှိတဲ့ လုပ်ပါကန်ကျိုးပေါက်ပြီး နောင်ပိန် ( ၅) ရပ်ကွက်မှာ ရုတ်တရက်ရေကြီးကာ ရွှေလမင်းဆီဆိုင်ရှေ့ လမ်းမကြီးပေါ် ရေကျော်နေချိန် ကွန်ဒါဖစ်ကားသမားကဖြတ်မောင်းစဥ် ရေစီးနဲ့မျောပါကာ လူနှစ်ယောက်လည်းပါ သွားတာဖြစ် တယ်လို့သိရပါတယ်။
အဲဒီလမ်းမှာပဲ နောက်ထပ်ဆိုင်ကယ်တစီးလည်းမျောပါသွားပြီး ၊ ခြောက်ဘီးကားတစီးလည်း မျောပါသွားခဲ့ တယ်လို့သိရပါတယ်။
အဲဒီနောက် ညနေပိုင်းမှာတော့ ရေစီးနဲ့အတူ ပျောက်ဆုံးသွားတဲ့ ကွန်ဒါဖစ်တစီး ၊ ခြောက်ဘီးကားနဲ့ လူတယောက်ကို ရွာမကြီးဘက်အနီးမှာ
အသက်ရှင်ရက်ပြန်တွေ့ခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။
နောင်ပိန်ရွာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော် အကြာတုန်းက တကြိမ် ရေကြီးမှုဖြစ်ခဲ့ပြီး ယခုဒုတိယအကြိမ် ရေကြီးမှုထပ်မံဖြစ်ပွားတာဖြစ်တယ်လို့သိရပါတယ်။
"ကားတစီးမျှောသွားတဲ့ထဲမှာ လူနှစ်ယောက်ပါသွားတာ။ခုညနေတော့ ရွာမဘက်မှာ ကားနှစ်စီးနဲ့လူတယောက် အသက်ရှင်ရက်တွေ့ရပြီသိရတယ်။ ၅ ရပ်ကွက်မှာ ရေကလူတရပ်ကျော်ပါတယ်။မိုးကလည်းရွာနေဆဲပါ။မိုးများပြီး ရေတိုးပြီး ကန်ကျိုးပေါက်တာပါ။အဲဒီရပ်ကွက် ကပ်လျှက်လုပ်ပါကျေးရွာ မှာ ရှိတဲ့လုပ်ပါကန်ကြီး ကျိုးပေါက်တာပါ။ရေကြီးမှုက လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က တခါဖြစ်ပါတယ်။ယခုနေရာပါဘဲ။အခုမှ ပြန်ဖြစ်တာ။" လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့သူဒေသခံကပြောပါတယ်။
လက်ရှိမှာ ရေကြီးရေလျှံမှုဖြစ်ပွားနေတဲ့ နောင်ပိန် ၅ ရပ်ကွက်မှ ဒေသခံတွေကို ရေဘေးလွတ်ရာကို ရွှေ့ပြောင်းပေးထားကြောင်းနဲ့ နောင်ပိန် ၃ ရပ်ကွက်ရှိ အနိမ့်ပိုင်းအိမ်တွေမှာလည်း ရေဝင်ရောက်နစ်မြုပ်နေပြီလို့သိရပါတယ်။
ရေကြီးမှုကြောင့် ပြောင်းဖူးစိုက်ခင်းနဲ့ ကြံစိုက်ခင်း အပါ သီးနှံစိုက်ခင်းအများအပြားလည်း ရေနစ်မြုပ်နေတာကြောင့် ပျက်စီးဆုံးရှုံးမှုများနိုင်တယ်လို့သိရပါတယ်။

imageimage