#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ကွန်ဖက်ဒရိတ်​ဗိုလ်ချုပ်ကြီး အဲလ်ဘတ်ပိုက်ခ်ရုပ်တု ဝါရှင်တန်၌ ပြန်လည်ထားရှိမည်
ကွန်ဖက်ဒရိတ်ဘက်တော်သား ဗိုလ်ချုပ်ကြီးအဲလ်ဘတ်ပိုက်ခ်၏ ရုပ်တုကိုဝါရှင်တန်မြို့တော်၌ ပြန်လည်ထားရှိမည်ဖြစ်ကြောင်း အမေရိကန်အစိုးရ အမျိုးသားဥယျာဉ်များဌာနကဩဂုတ် ၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ဝါရှင်တန်မြို့တော်ရှိ ကွန်ဖက်ဒရိတ်ဗိုလ်ချုပ်ကြီး အဲလ်ဘတ်ပိုက်ခ်၏ရုပ်တုသည် လူမည်းအမျိုးသား ဂျော့ဖလွိုက် အသတ်ခံရမှုနှင့်ပတ်သက်၍ ၂ဝ၂ဝ ပြည့်နှစ်အတွင်းဆန္ဒပြပွဲများ ဖြစ်ပွားခဲ့စဉ် ဖြိုချခံခဲ့ရသည်။
သို့ရာတွင်မိမိတို့အနေဖြင့် ၂ဝ၂ဝ ပြည့်နှစ် ဇွန်လအတွင်းဖြစ်ပွား ခဲ့သော အဓိကရုဏ်းများအတွင်းဖြိုချဖျက်ဆီးမှုခံခဲ့ရသည့် အဲလ်ဘတ်ပိုက်ခ်ကြေးရုပ်ကို မူလအတိုင်းပြန်လည်ထားရှိမည်ဖြစ်ကြောင်း အမျိုးသားဥယျာဉ်များဌာန သတင်းထုတ်ပြန် ချက်၌ ဖော်ပြထားသည်။
အဲလ်ဘတ်ပိုက်ခ်ကြေးရုပ်ကို ယခုနှစ် အောက်တိုဘာလအတွင်း မူလနေရာ၌ ပြန်လည်ထားရှိရန် အမျိုးသားဥယျာဉ်များဌာနက စီစဉ်ထားသည်။
သမ္မတဒေါ်နယ်ထရန့်၏ လက်မှတ်ရေးထိုးထားသည့် အထူးအမိန့် ဒီကရီများနှင့်အညီ ကွန်ဖက်ဒရိတ် ဗိုလ်ချုပ်ကြီး အဲလ်ဘတ်ပိုက်ခ်၏ ရုပ်တုကို မူလအတိုင်းပြန်လည်ထားရှိရန် စီစဉ်ထားခြင်းဖြစ်ကြောင်း အမျိုးသားဥယျာဉ်ဌာန တာဝန်ရှိသူများက ပြောကြားသည်။
သမ္မတဒေါ်နယ်ထရန့်သည် ကွန်ဖက်ဒရိတ်ခေါင်းဆောင်များ၏ ရုပ်တုများနှင့် ကွန်ဖက်ဒရိတ်အုပ်စု အထိမ်းအမှတ်နေရာများအား ဖယ်ရှားမှု၊ အမည်များပြောင်းလဲမှုတို့ကို ပြင်းပြင်းထန်ထန် ပြင်းပြင်းထန်ထန် ဝေဖန်ထားသူဖြစ်သည်။
သမ္မတ ဒေါ်နယ်ထရန့်သည် ယခုနှစ်စပိုင်းကလည်း အမေရိကန် ကြည်းတပ် စစ်စခန်းနှစ်ခု၏ အမည်များကို မူလအမည်များဖြစ်သည့် ဖို့ဘင်းနင်းနှင့် ဖို့ဘရက်ဒ်ဟူသော အမည်များသို့ ပြန်လည်ပြောင်းလဲခဲ့သည်။
ရိုက်တာ

image