14 ပတ် - ဘာသာပြန်ပါ။

အကြိမ်ရေ ၅ သိန်းပါ ဒါပေမယ့် ကမ္ဘာပေါ်က နေရာတိုင်းမှာတော့ မဟုတ်ပါဘူး 🤨
Samsung ကြေငြာထားတာက သူတို့ခေါက်ဖုန်းအသစ် Z Fold7 က အကြိမ်ရေ 500,000 ခန့် ခေါက်တာလုပ်နိုင်မယ်
ဒါပေမယ့် မိတ်ဆွေကရှယ်အေးတဲ့နေရာမှာနေတယ်ဆိုရင် သူတို့စမ်းထားတဲ့ -20*C မှာဆိုရင် အကြိမ်ရေ 60,000 ပဲ ခေါက်နိုင်စွမ်းရှိတော့မှာပါ
ဒါပေမယ့် ဒါက ကြီးမားတိုးတက်မှု တစ်ခုပါ Z Fold5 တုန်းကလည်း -20*C မှာစမ်းခဲ့တာမှာ အကြိမ်ရေ 30,000 ပဲရပါသတဲ့ အခု Z Fold7 က နှစ်ဆ နီးပါး အကြမ်းခံလာတဲ့သဘောပေါ့
ဆိုပါစို့ မိတ်ဆွေက ပိုပြီး ပူတဲ့နေရာမှာနေမယ်ဆိုရင် တစ်မျိုးဗျ သူတို့စမ်းထားတဲ့ Test Condition က 60*C မှာပါ အကြိမ်ရေ 300,000 အထိ ခေါက်လို့ရသွားမယ်
Z Fold5 တုန်းက အခုအပူချိန်အတိုင်းစမ်းတာမှာ အကြိမ်ရေ 150,000 ပဲဆိုတော့ နှစ်ဆ နီးပါး ပိုကြမ်းလာပြန်တာပေါ့
သတိထားမိတာ ခေါက်ဖုန်းတွေက အပူထက် အအေးကိုပိုကြောက်တဲ့အချက်ပါ
အပေါ်က ပြောတာတွေက လုံးဝ ကို Extreme Condition တွေမှာ ခေါက်ဖုန်းတစ်လုံးက ဘယ်လောက် အကြမ်းခံမလဲဆိုတာ တီးမိခေါက်မိရှိသွားပါတယ်
ဒါဆို Samsung က ပြောတဲ့ အကြိမ်ရေ 500,000 ဆိုတာ ဘယ်လိုအခြေအနေမှာလဲဆိုရင် 0*C ကနေ 35*C လောက် အခြေအနေမှာပါတဲ့
ဆိုတော့ မိတ်ဆွေက မြန်မာနိုင်ငံထဲကပဲဆိုရင် Samsung က ပြောတဲ့ Range အတွင်းမှာပဲပေါ့ လေ့လာရသလောက် မြန်မာမှာက အပူဆုံးအခြေအနေက 40*C ဝန်းကျင်ပဲရှိတာပါ
Z Fold7 မှာက Samsung ရဲ့ Ultra Thin Glass ခေါက်မှန်ကိုပဲသုံးထားတာပါ လေ့လာရသေလာက် 50% ပိုထူတဲ့ UTG ကိုသုံးထားပြီး အကြမ်းပိုခံပါတယ်တဲ့ အပေါ်က လုံးဝ Extreme Test တွေမှာ ပိုအကြမ်းခံတာတော့ တွေ့ခဲ့ရပြီးပါပြီ

image