တကယ်လို့ သင့်ရဲ့ စိတ်ဖိစီးတဲ့အဆင့်ဟာ ပုံမှန် အာရုံစိုက် မရနိုင်လောက်တဲ့အထိ ရောက်ရောက်လာတယ်ဆိုရင်တော့ အောက်မှာ ပေးထားတဲ့ အကြံပြုချက်လေးတွေကို စမ်းသုံးကြည့်ပါ ။
အပန်းပြေစေဖို့ အချိန်ပေးပါ ။ စိတ်ဝင်စားတာတွေ လုပ်ပါ ။ ဝတ္ထုဖတ်ပါ ။ သီချင်းနားထောင်ပါ ။ စစ်တုရင်ကို အွန်လိုင်းကနေ ကစားပါ ။ သင့်စိတ်ကိုပျော်စေမယ့် အရာတစ်ခုခုဖြစ်ပါစေ ။ နေ့စဉ်ပြက္ခဒိန်မှာ သင်လုပ်မယ့် အချိန်ဇယားထည့်ဆွဲပါ ။
သင့်ခန္ဓာကိုယ်ကို ဂရုစိုက်ပါ ။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ ။ ကိုယ်ကိုဆန့်ထုတ်ပါ ။ အသက်ပြင်းပြင်းရှူပါ ။ သတင်းတွေရှောင်ပါ ။ နားမထောင်ပါနဲ့ ။
အိပ်ရေးဝအောင်အိပ်ပါ ။ အိပ်စက်အနားယူတဲ့အရည်အသွေး ပိုကောင်းဖို့ ညနေခင်း ပုံမှန်လုပ်သင့်တာတွေလုပ်ပါ ။ (ဥပမာ - ဖုန်း၊ တီဗီကြည့်တာတွေ မအိပ်ခင် မလုပ်တာမျိုး)
သင့်ခံစားချက်တွေ ၊ ပြဿနာတွေကို ပွင့်ပွင့်လင်းလင်းပြောနိုင်မယ့်လူတွေနဲ့ အချိန်ပေးစကားပြောပါ ။
ဒီအကြံပြုချက်တွေက အနည်းငယ်လောက်ကိုပဲ ပြောပြတာဖြစ်ပါတယ် ။ စိတ်ဖိစီးမှု စီမံခန့်ခွဲတယ်ဆိုတာက
ပိုပြီး နက်နက်နဲနဲ စမ်းသပ် စစ်ဆေးဖို့လိုပါတယ် ။ ဒါပေမဲ့ အထက်မှာ ဖော်ပြထားတာတွေက စလုပ်ဖို့ အကောင်းဆုံးအချက်တွေပဲ ဖြစ်ပါတယ် ။
#မျိုးလွင် (MBA)

image