14 ပတ် - ဘာသာပြန်ပါ။

ဒီ အစက်အပြောက်လေးကို တစ်ခါလောက်ဖြစ်ဖြစ်ပြန်ကြည့်လိုက်စမ်းပါဗျာ။ ဒါဟာ ကျွန်တော်တို့ရဲ့ အိမ် ၊ဒါဟာ ကျွန်တော်တို့ကိုယ်တိုင်ပါ။
ခင်ဗျားချစ်ခဲ့ဖူးသမျှ လူတွေ၊ သိဖူးခဲ့သမျှလူတွေ၊သူတို့တွေအကြောင်းကို ခင်ဗျားဆွေးနွေးဖူးမယ့်လူတွေ၊ အသက်ရှင်သန်ခဲ့ဖူးသမျှ လူတွေ အားလုံးဒီအစက်လေးအပေါ်မှာ ရှိနေကြပါတယ်။
ကျွန်တော်တို့ရဲ့ ပျော်ရွှင်စရာတွေ၊နာကျင်ခံစားရတာတွေနဲ့ ထောင်ပေါင်းများစွာသော ဘာသာရေးအမြင်တွေ၊ အတွေးအခေါ်ပညာရပ်တွေ၊စီးပွားရေးအင်ပါယာတွေနဲ့အတူ .....
ရှိဖူးခဲ့သမျှ မုဆိုးနဲ့သားကောင်တွေ၊ ပန်းပဲဆရာတွေ၊သူရဲကောင်းတွေနဲ့ လူပျော့တွေ၊ ကြီးကျယ်တဲ့ အင်ပါယာတွေ လူနေမှုအဖွဲ့အစည်းတွေကို တည်ထောင်သူတွေနဲ့ဖျက်ဆီးခဲ့ကြသူတွေ...
ရှင်ဘုရင်တွေနဲ့ သူတိုရဲ့ ပြည်သူတွေ၊ ချစ်စရာ လူငယ်စုံတွဲတွေ၊ သူတို့တွေရဲ့ မိခင်ဖခင်တွေ၊ကလေးငယ်တွေ ၊ တီထွင်သူနဲ့နယ်မြေသစ်ရှာဖွေသူတွေနဲ့ အတူ....
နိုင်ငံရေးသမားတွေ စူပါစတားတွေအာဏာရှင်ကြီးတွေ၊ကယ်တင်ရှင်သူတော်စင် တွေနဲ့ အပြစ်သားတွေ အပါအဝင် လူသားသမိုင်းတစ်လျှောက်အားလုံးဟာ နေရောင်ထိုးနေတဲ့ အပြောကျယ်လှတဲ့ စကြာဝဠာကြီးထဲက ဖုန်မှုန့်လေးတစ်ခုပေါ်မှာ အတူတကွနေထိုင်နေခဲ့ကြတာပါ။
အာကာသနှင့်စကြာဝဠာပညာရှင် Carl Sagan(၁၉၃၄-၁၉၉၆)၏နာမည်ကျော် Pale blue dot ဆောင်းပါးမှ....။
ဒီဓာတ်ပုံကိုတော့ ကမ္ဘာနဲ့ မိုင်ပေါင်းသန်းလေးထောင်အကွာက Voyager 1 လေ့လာရေးယာဉ်က ၁၉၉၀ ခုနှစ်က နေအဖွဲ့အစည်းအတွင်းက မထွက်ခွာခင် နောက်ဆုံးအနေနဲ့ ကမ္ဘာကိုပြန်လှည့်ကြည့်ပြီးရိုက်ကူးယူခဲ့တာဖြစ်ပါတယ်။
~MASES /Soe pyae htat

image