ဖခင်ဆုံးသွားပြီဖြစ်တယ်လို့ အသိပေးလာတဲ့ စိုးမြတ်နန္ဒာ 💔
သရုပ်ဆောင် စိုးမြတ်နန္ဒာက သမီးအငယ်ဆုံးတစ်ယောက်အနေနဲ့ ဖခင်အပေါ်မှာ တာဝန်မကျေသလိုခံစားရတယ်လို့ဆိုပါတယ်။ သို့သော်လည်း အမကြီးဖြစ်သူတွေက ဖခင်ကိုအကောင်းဆုံးလုပ်ပေးနိုင်ခဲ့တာမို့ ကျေနပ်ဖို့ပြောပါတယ်။ စိုးမြတ်နန္ဒာက အမြဲပုတီးစိတ်နေတဲ့ ဖခင်ရဲ့လက်လေးကို သံသရာတကွေ့မှာ ပြန်တွေ့ချင်ကြောင်း ဆုတောင်းလိုက်ပါတယ်။ သူမတို့ ညီအမ ၃ ဦးရဲ့ဖခင်ကတော့ ယနေ့မှာပဲဆုံးပါးသွားခဲ့ပါပြီ။
