14 ပတ် - ဘာသာပြန်ပါ။

◼ လိုင်ဇာ၌ မိုးသည်းထန်စွာရွာသွန်းမှုနှင့် တောင်ကျရေစီးဆင်းမှုကြောင့် ရပ်ကွက်များအတွင်းရေဝင်ရောက်
ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ယနေ့(ဩဂုတ် ၄ ရက်)နံနက်ကမိုးသည်းထန်စွာ ရွာသွန်းမှုနှင့် တောင်ကျရေစီးဆင်းမှုကြောင့် ရပ်ကွက်များအတွင်းရေဝင်ရောက်မှုများဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။
လိုင်ဇာမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် တောင်ကျရေစီးဆင်မှုကြောင့် ဂျေယန့်၊ ဆွတ်မူအောင်၊ ဖွန်လွမ်ယန်၊ ဂျာထူကောင်နှင့် မုန့်ဆိုင်ယန် ကျေးရွာများမှ ချောင်းအနီးအနားတွင် နေထိုင်သော ဒေသခံပြည်သူများ၏နေအိမ်အချို့မှာလည်း ရေထဲမျောပါသွားကြောင်းသိရသည်။
"မိုးကလည်းရွားနေတယ်။ တောင်ကျချောင်းရေကလည်း ရုတ်တရက်ကြီးလာတဲ့အတွက် လိုင်ဇာမြို့အတွင်းက ချောင်းအနီးမှာရှိတဲ့ လူနေအိမ်တွေ ရေထဲမျောပါသွားတယ် ဆိုတာပဲသိရသေးတယ်။ လက်ရှိဖုန်းလိုင်းတွေလည်းပျက်နေလို့ဆက်သွယ်လို့လည်းမရသေးပါဘူး"ဟု မြစ်ကြီးနားမှဒေသခံတစ်ဦးကပြောသည်။
အဆိုပါ ရေကြီး ရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှုများသည့်အပြင် သေဆုံးမှုများလည်း ရှိနေသည်ဟု ဒေသခံများက ‌ပြောဆိုနေသော်လည်း စံတော်ချိန်အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။
သတင်း - ပိုင်လေး
ဓာတ်ပုံ - KNG
#ပြည်တွင်းသတင်း

image