14 ပတ် - ဘာသာပြန်ပါ။

သရဲကားကြိုက်သူများအတွက်💖

➪➪➪➪➪➪➪➪➪➪➪➪➪➪

ကြောင်နဲ့အတူကပ်ပါလာတဲ့ သရဲကြီး 😳😳

The cat 2011

ဆိုယွန်းက ပိတ်လှောင်မှုကို ကြောက်ရွံတဲ့ ရောဂါရှိတာကြောင့် ကုသမှုခံယူနေရတာပါ ၊ သူမက ကြောင်လေးတွေကို ချစ်တတ်တဲ့သူတစ်ယောက်ဖြစ်ပြီး pet shop တစ်ခုမှာ အလုပ်လုပ်ကိုင်ပါတယ် ၊ တစ်ရက်မှာတော့ သူတိုဆိုင်နားက တိုက်ခန်းမှာနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ကြောင်ကို ပြင်ဆင်ပေးရင်းနဲ့ မှန်ထဲမှာ ဆံပင်ကုတ်ဝဲလေးနဲ့ ကလေမလေး တစ်ယောက်ကို သူမ မြင်လိုက်ရပါတယ်

အဲ့နောက် ကြောင်ကိုပြန်လာခေါ်သွားတဲ့ ကြောင်ပိုင်ရှင်လည်း ဓာတ်လှေကားထဲမှာ သေဆုံးနေခဲ့ပါတယ်၊ နောက်ရက်တွေ သိပ်မကြာမီမှာပဲ ကြောင်တစ်ကောင်ကို မွေးစားမိတဲ့ ဆိုယွန်းရဲ့ သူငယ်ချင်းလည်း သူမကြောင်ရဲ့ဘေးမှာ ဆံပင်ကုတ်ဝဲနဲ့ ကလေးမလေးကို မြင်ပြီးနောက် ထပ်မံသေဆုံးသွားခဲ့ပါတယ် ။

ဒီကြောင်တွေကို မွေးစားမိတဲ့ လူတွေဟာ အသက်အန္တရာယ်တွေ ဆက်တိုက် ကြုံနေရတာကြောင့် လူတွေက ဒီကြောင်တွေက ကျိန်စာသင့်နေတာလို ထင်နေကြပါတယ် ။ကြောင်တွေက တကယ်ပဲ ကျိန်စာသင့်နေတာလား… ကြောင်တွေဘေးနားက ကလေးမလေးကရော ဘယ်သူဖြစ်မလဲ… ဘာလို ဒီကြောင်တွေနားမှာ တွယ်ကပ်နေတာလဲဆိုတာတော့..

😍ကြည့်ရန်နှိပ်ပါ👇

t.me/yoteshinkyimal1/53

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image