သူမ အိမ်ထောင်ရေးသာယာနေတဲ့ အဓိကအချက်ကို ပြောပြလာတဲ့ ပိုးကြာဖြူခင်
သရုပ်ဆောင် ပိုးကြာဖြူခင်က သူမရဲ့ အိမ်ထောင်ရေး သာယာနေရတဲ့ အဓိကသော့ချက်ကိုပြောပြလာခဲ့ပါတယ်။ ပိုက်ဆံ၊ အချစ်၊ အောင်မြင်ကျော်ကြားမှုတွေကြောင့်မဟုတ်ဘဲ သူမရဲ့ ယောက်ကျားကြောင့်သာဖြစ်တယ်လို့ဆိုပါတယ်။ အိမ်ထောင်ဦးစီးတာဝန်ကိုကျေပွန်၊ အရာအားလုံးနဲ့ယှဉ်ရင် မိသားစုဘဝကိုတန်ဖိုးထားတာကြောင့် ပိုက်ဆံရှိတိုင်း အိမ်ထောင်ရေးကမပြည့်စုံဘူးလို့ သူမကပြောပါတယ်။ ပိုးကြာဖြူခင်ဟာ ယခုဆိုရင် သားသမီး ၅ ဦးရဲ့ မိခင်အဖြစ်ရောက်ရှိတော့မှာပါ။