#အာလူးကြော်
အဆာပြေ သရေစာအနေနဲ့ စားစား၊ မန်ကျည်းချဉ်ရည်လေးနဲ့တို့ပြီး ထမင်းဖြူလေးနဲ့တွဲကာ သက်သတ်လွတ်ပဲစားစား အရသာရှိလှတဲ့ အာလူးကြော်လေးပါ။

ပါဝင်ပစ္စည်းများ
အာလူး - ၃၀ ကျပ်သား (အရွယ်လတ်)
ရွှေလိပ်ပြာအကြော်မှုန့် - ၆၀ ဂရမ်
ဆား - အနည်းငယ်
ပျဉ်းတော်သိမ်ရွက် - ၆ ခက်
ရေ - လက်ဖက်ရည်ဇွန်း ၄ ဇွန်း
ကြော်ရန် ဆီ - ၁ ၁/၂ လက်မအနက်

ပြုလုပ်နည်း
၁။ အာလူးများကို နူးအောင်ပြုတ်ပြီး ဓားနဲ့ထိုးကြည့်၍ မာတင်းတင်း မဖြစ်တော့လျှင် ပြုတ်ရည်ပူများကို သွန်ပြီး အအေးခံပါ။ ရေအေးလောင်းချပါ။ ရေဆေးခြင်းမပြုရပါ။ လေနဲ့သာ ခြောက်သွေ့ပြီး အေးလာသည်အထိ အအေးခံပါ။
၂။ အအေးမြန်စေချင်လျှင် ၄ စိတ်ခွဲပြီး လှီးထားပါ။ အာလူးအေးတဲ့အခါ ငရုတ်ဆုံနဲ့ ထောင်းပါ။ သို့မဟုတ် ချိစ်ဂရိတ်တာနဲ့ ခြစ်ပါ။
၃။ ပြီးလျှင် အာလူးများကို ဇလုံတစ်လုံးထဲ ထည့်ပြီး ရွှေလိပ်ပြာအကြော်မှုန့်၊ ပါးပါးရိတ်ရိတ်လှီးထားတဲ့ ပျဉ်းတော်သိမ်ရွက်၊ ရေနှင့် ဆားတို့ကို ထည့်ပြီးနယ်ပါ။ အာလူးများ စေးလာပြီး ပါဝင်ပစ္စည်းအားလုံး သမသွားသည်အထိ နယ်ပါ။
၄။ လက်ကို မကပ်အောင် ဆီဆွတ်ပြီး နယ်ထားတဲ့ အာလူးများကို အလုံးလေးတွေ၊ လွန်းပုံလေးတွေ မိမိနှစ်သက်တဲ့ပုံစံ ပြုလုပ်ပါ။
၅။ မီးအပူ အလယ်အလတ်မှာ ထားပြီး ဆီအိုးတည်ပါ။ ဆီ အပူ ၃၀ဝ ဒီဂရီဖာရင်ဟိုက် ရလျှင် (သို့) ဝါးတူ ကို ဆီပူထဲ နှစ်ကြည့်၍ ပူစီဖောင်းလေးများ ထလာလျှင် အာလူးကို စ၍ကြော်နိုင်ပါပြီ။ စပြီးကြော်ချိန်မှာ ဆီသိပ်ပူလျှင် အာလူးများ ကွဲထွက်နိုင်ပါတယ်။
၆။ အာလူးလုံးလေးများ အကျက်ညီအောင် ဟိုဘက်၊ ဒီဘက် လှန်ပေးပါ။ ရွှေအိုရောင်သန်းခါနီး ဆယ်ယူရန် နီးလာချိန်မှာ မီးအပူကို အမြင့်ဆုံး မြှင့်ပေးပါ။
၇။ ရွှေအိုရောင်သန်းလာတဲ့ အာလူးများကို ဆယ်ယူပါ။ ပြီးလျှင် ဆီစုပ်စက္ကူပေါ်တင်ပြီး ဆီစစ်ပါ။
၈။ အအေးခံပြီးလျှင် ကြွပ်ရွသောအာလူးကြော်များ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။
......................
Crd

image