14 w - Translate

Terra Willy (2019)

ဒါကတော့ချစ်စရာကာတွန်းကားကောင်းလေးတွေကိုနှစ်သက်ကြတဲ့ပရိသတ်တွေအတွက် ပြင်သစ် animationကားလေးပဲဖြစ်ပါတယ်။

ဒီကားလေးမှာ အာကာသစူးစမ်းရှာဖွေသူမိဘတွေနဲ့အာကာသထဲလိုက်သွားတဲ့ဝေလီလေးတစ်ယောက်သူတိုယာဉ်ပျက်ဆီးပြီးမိဘတွေနဲ့ကွဲကာ ဂြိုလ်တစ်ခုပေါ်ရောက်သွားပါတယ်။

ဒါပေမယ်ဆင်းသက်တဲ့ယာဉ်ထဲမှာသူ့ကိုဂြိုလ်ပေါ်မှာ ရှင်သန်နေထိုင်ရာမှာကူညီကာကွယ်ပေးဖိုဘက်ခ်ဆိုတဲ့စက်ရုပ်လေးလည်းရှိပါတယ်။

ပြီးတော့အဲ့ဂြိုလ်ပေါ်ကချစ်စရာအကောင်လေးဖလက်ရှ်နဲ့လည်းသူငယ်ချင်းတွေဖြစ်သွားပြီးသူ့မိဘတွေသူ့ကိုလာမကယ်မချင်းသူတိုဂြိုလ်ပေါ်မှာ စွန့်စားခန်းလေးတွေလုပ်ကြပါတော့တယ်။

ဒီကားလေးမှာ ဆယ်နှစ်အရွယ်ကောင်လေးတစ်ယောက်ရဲ့ စွန့်စားခန်းလေးတွေချစ်စရာအကောင်လေးတွေနဲ့အချင်းချင်းရိုင်းပင်းကူညီကြပုံ‌‌ပျော်စရာလေးတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။

ဒီကားလေးကတော့ Hollywoodကထွက်ရှိနေကြကာတွန်းကားတွေလိုမဟုတ်ပဲအရင်တုန်းကကာတွန်းကားလေးတွေလိုမျိုးကို ပြန်လည်ဆန်းသစ်ပြီးအရောင်အသွေးစုံစုံလင်လင်နဲ့ ချစ်စဖွယ်တင်ဆက်ထားတဲ့ချစ်စရာကာတွန်းကားလေးတစ်ကားဖြစ်ပါတယ်။

😍ကြည့်ရန်နှိပ်ပါ👇

t.me/animezatcar/422

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image