မွေးနေ့လအစမှာတင် တန်ဖိုးကြီးမွေးနေ့လက်ဆောင်တွေရနေတဲ့ ဝတ်မှုန်ရွှေရည်
သရုပ်ဆောင်ဝတ်မှုန်ရွှေရည်က ယနေ့ ဩဂုတ်လ ၁ ရက် လအစမှာတင်မွေးနေ့လက်ဆောင်အကြိုတွေကို ရရှိနေတာပါ။ ဒီဩဂုတ်လဟာ သူမမွေးလလေးဖြစ်ပြီး ယခုလို Surprise လက်ဆောင်တွေပေးနေကြတဲ့အပေါ် ဝမ်းသာပျော်ရွှင်နေတာပါ။ တန်ဖိုးကြီးဆွဲသီး၊ နားကပ်နှင့် ပန်းချီကားလက်ဆောင်တွေရရှိနေပုံလေးကို ပျော်ရွှင်စွာမျှဝေထားပါတယ်။