50 ပတ် - ဘာသာပြန်ပါ။

Motivation
Confidence
Optimism
Resilience
ဆိုတာတွေကြောင့် ကဆုန်လပြည့်နေ့ကို ထူးခြားစေခဲ့တယ်...

ဘုရားအလောင်း
သုမေဓာရသေ့က ဒီပင်္ကရာမြတ်စွာဘုရားရှင်မှာ ဗျာဒိတ်ရပြီးတဲ့နောက်မှာ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပါရမီဖြည့်ကျင့်တယ်တဲ့။

တကယ်ဆို လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းဆိုတဲ့ ကာလက အကြာကြီး။

သို့ပေမယ့် ဘုရားအလောင်းအတွက်ကတော့ မနက်ဖြန် သဘက်ခါ ဘုရားဖြစ်မလိုကို စိတ်မျိုးနဲ့ ပါရမီတွေဖြည့်ခဲ့တာတဲ့။
ဒီတော့ သူ့အတွက်ကတော့ ခဏလေးလိုပဲ ခံစားရတယ်ပေါ့။

ဒါက motivation ပဲ။
အဲ့ဒီ motivation ကြောင့်ပဲ ကြုံရသမျှ အခက်အခဲတွေကိုလည်း ကြံံ့ကြံ့ခံနိုင်ခဲ့တယ်။

motivation လို့ပြောတဲ့အခါမှာ ကိုယ်ဖြစ်ချင်တဲ့ ရောက်ချင်တဲ့ ပန်းတိုင်ကို တကယ်ကို ရောက်လိမ့်မယ်လို့ ယုံကြည်တဲ့ ယုံကြည်ချက်က အဓိကလိုတယ်။
တစ်နည်းအားဖြင့် ကိုယ်လျှောက်မယ့်လမ်းအပေါ်မှာ အကောင်းမြင်စိတ်ရှိဖို့လိုတယ်။

ငါလုပ်နေတာ ဖြစ်မှ ဖြစ်ပါ့မလား၊
ဒီပုံစံက ဟုတ်ရဲ့လား၊
ငါတကယ်ပဲ ပန်းတိုင်ရောက်ပါ့မလား ဆိုတဲ့ ဝေဝါးမှုတွေ၊ ကိုယ်လုပ်နေတဲ့ အလုပ်အပေါ်မှာ အဆိုးမြင်စိတ်တွေ မပါဘဲ လုပ်နိုင်တာမှ motivation ဖြစ်စေမှာ။

ဒီလို အဆိုးမြင်စိတ်တွေ မပါမှလည်း ကြံ့ကြံ့ခံနိုင်မှာလေ။

ကိုယ်မျှော်မှန်းထားရာ ပန်းတိုင်ကို ရောက်လိမ့်မယ်လို့ ယုံကြည်မှုလည်း အပြည့်ရှိတယ်၊

ကိုယ်လျှောက်တဲ့ လမ်းပေါ်မှာလည်း အကောင်းမြင်စိတ်အပြည့်ရှိတယ်၊

ပန်းတိုင်ကိုလည်း ရောက်လိမ့်မယ်လို့ ဒီပင်္ကရာမြတ်စွာဘုရားကိုယ်တိုင်က ထောက်ခံချက်ပေးခဲ့တော့

သုမေဓာရှင်ရသေ့ ဘဝ
အဲ့တုန်းက ကဆုန်လပြည့်မှာ ဗျာဓိတ်ခံယူပြီး
လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာ motivation အပြည့်နဲ့ အခက်အခဲတွေကို ကြံံ့ကြံ့ခံပြီး မငြီးမငွေ့ပဲ ပါရမီတွေဖြည့်ခဲ့တာ၊ အချိန်ခဏလေးလို့ပဲ ခံစားခဲ့ရတယ်တဲ့။

နောက်ဆုံးတော့ သူလိုချင်တဲ့ ပန်းတိုင်ကို ရောက်တယ်။
ဒီလိုကဆုန်ကလပြည့်မှာပဲ
ဘုရားအဖြစ်ကို ရတယ်။

ဘုရားလောင်းရဲ့
Motivation
Confidence
Optimism
Resilience
ဆိုတာတွေကြောင့် ကဆုန်လပြည့်နေ့ကို ထူးခြားစေခဲ့တယ်...

image