#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ထိုင်းနိုင်ငံတွင်းမှ ကမ္ဘောဒီးယား အလုပ်သမားများ ဆက်လက်ထွက်ခွာ
ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်လျက် ရှိကြသည့်ကမ္ဘောဒီးယားအလုပ်သမားများသည် ချန်ထပူရီပြည်နယ်ရှိ ဘန်လမ်နယ်စပ်ဂိတ်မှတစ်ဆင့် ဆက်လက်ထွက်ခွာလျက်ရှိကြောင်း ဇူလိုင် ၃၁ ရက်တွင် ရိုက်တာသတင်းဌာနက ရေးသားဖော်ပြထားသည်။
ကမ္ဘောဒီးယားအလုပ်သမားများသည် နှစ်နိုင်ငံ နယ်စပ်ပြဿနာ ဖြစ်ပွားပြီးနောက်ပိုင်းတွင် ထိုင်းနိုင်ငံတွင်းမှ နေ့စဉ်ထွက်ခွာလျက်ရှိရာ ဇူလိုင် ၃၁ ရက် နံနက်ပိုင်းတွင်အလုပ်သမား ၁၅ဝဝ ကျော်သည် ဘန်လမ်နယ်စပ်ဂိတ်မှတစ်ဆင့်ထွက်ခွာခဲ့ကြကြောင်း သတင်းတွင်ဖော်ပြထားသည်။
ထိုင်းနိုင်ငံတွင်းသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသည့် ကမ္ဘောဒီးယားအလုပ်သမားမှာ ငါးသိန်းခန့်ရှိကြောင်းနှင့် ယင်းတို့အထဲမှ အလုပ်သမားလေးသိန်းခန့်သည် နေရပ်သို့ ပြန်လာကြမည်ဟု ကမ္ဘောဒီးယားဘက်မှ ပြောဆိုထားသည်။
ထိုင်းနိုင်ငံအနေဖြင့် နယ်စပ်ဒေသတည်ငြိမ်ကြောင်း ပြသရန် ဩဂုတ် ၁ ရက်(ယနေ့)တွင် နိုင်ငံပေါင်း ၁၅ နိုင်ငံကျော်မှ စစ်သံမှူးများကို ထိုင်း-ကမ္ဘောဒီးယားနယ်စပ်သို့ ပို့ဆောင်ရန် စီစဉ်ထားကြောင်း သိရသည်။
Source; Reuters