အာဆီယံထိပ်သီးအစည်းအဝေးကို ထရမ့်ပ် တက်မည်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် အောက်တိုဘာလတွင်ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်မည်ဟု ကတိပြုခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ် ဒါတွတ်ဆေရီအန်ဝါ အီရာဟင်က ပြောကြားလိုက်သည်။
ယနေ့ကျင်းပသည့် ပါလီမန်အစည်းအဝေးတွင် အမှာစကားပြောကြားရာ၌ အန်ဝါက ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
အမေရိကန်သမ္မတနှင့် ယနေ့နံနက်အစောပိုင်းတွင် စကားပြောဆိုခဲ့ကြောင်းနှင့် ၎င်းတို့သည် အကောက်ခွန်ဆိုင်ရာ စေ့စပ်နှိုင်းမှုများ၏ တစ်စိတ်တစ်ဒေသအဖြစ် ကုန်သွယ်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ဝန်ကြီးချုပ်က ပြောခဲ့သည်။
“အောက်တိုလအနှောင်းပိုင်းမှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးကို သူတက်ရောက်မယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကတိပြုခဲ့ပါတယ်” ဟု အန်ဝါက ပြောကြားခဲ့သည်။
အာဆီယံအလှည့်ကျဥက္ကဌဖြစ်သော မလေးရှားနိုင်ငံသည် ထိပ်သီးအစ်းအဝေးကို လက်ခံကျင်းပမည်ဖြစ်သည်။
