ဒီဟာစိမ်နည်းမေးထားကြလို့
ရေ 100 ml
ငံပြာရည် 30 ml
သကြား ထမင်းစားဇွန်း ၁ဇွန်း
ဆား လက်ဖက်စားဇွန်း တဝက်
ရှာလကာရည် 25 ml
ရေကိုဆူအောင်တည်။ ကျန်တာတွေထည့်။ အချိုမှုန့်စားရင် အနည်းငယ်ထည့်။ ၅မိနစ်ခန့်ကျိုပြီးရင် အအေးခံ။
ကြက်သွန်ဖြူလှီး ငရုတ်သီးစိမ်းလှီးထားတာထည့်စိမ်ရုံပဲ။
ထမင်းပူပူလေးပေါ် ကြက်ဥဟတ်ဖရိုတ်တင် ဒီဟာတွေပါထည့်စား။
ဒါမှမဟုတ် ဒီဟာကို အဖတ်တွေဆယ် အရည်အနည်းငယ်ထည့် ကြက်သွန်နီလှီးထည့်ပြီးနယ်။ နံနံပင်ပါထည့်
ပြီးရင် ကြက်ဥပြုတ်ထည့်ပြီး ဖွဖွလေးနယ်ပြီးသုပ်စား။
ခေါက်ဆွဲနဲ့လဲတွဲစားသလို အသားကြော်နဲ့လဲတွဲစားလို့ရတယ်။
ထိုင်းတွေက ဒီတမျိုးရှိရင် ထမင်းစားမြိန်တယ်။ ရေဘေးတုံးက ထမင်းဘူးဆိုရင် ဒီဟာရယ် ဘဲဥပြုတ်ရယ်ဆိုရင် သူတို့စားလို့ရပြီ။
