မကောင်းမှုဆိုတာ ရောင်ပြန်ဟပ်တယ်
-------------------------
သူတပါးကို ချောက်တွန်းဖို့မကြိုးစားပါနဲ့
တနေ့ သင်ကိုယ်တိုင်
အဲ့ဒီချောက်ထဲကို ကျတတ်တယ်
သူတပါးကို လိမ်ဖို့ မကြိုးစားပါနဲ့
သင်ကိုယ်တိုင်လည်း
အလိမ်ခံရနိုင်တယ်ဆိုတာ မမေ့ပါနဲ့
သူတပါးကို ကဲ့ရဲ့ဖို့ မကြိုးစားပါနဲ့
သင်လည်း တစ်နေ့ အခြားသူတွေရဲ့
လက်ညှိုးထိုးတာ ခံရနိုင်တယ်
သူတပါးကို နိမ့်ချဖို့ မကြိုးစားပါနဲ့
ဘဝဆိုတာ အမြဲတမ်း
အမြင့်မှာ ရှိနေနိုင်မှာ မဟုတ်ဘူး
သူများကို ဒုက္ခပေးပြီဲး
ကိုယ်ပျော်ရမယ် မထင်နဲ့
ခဏတော့ သင်ပျော်ကောင်း ပျော်ပါလိမ့်မယ်
ဒါပေမယ့် အလှည့်ရောက်လို့ ပြန်ပေးဆပ်ရရင်
အတိုးရော အရင်းရော ဆိုတာမျိုး ကြုံလာတတ်တယ်။
ဒါကြောင့် မည်သူ့ကိုမှ
မကောင်းတဲ့ အကြံအစည်၊ အပြုအမူတွေကို
မလုပ်မိဖိုနဲ့
စိတ်ထားလေးကို ဖြူစင်အောင် ထားဖို့က
ဘဝမှာ သိပ်ကို အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်.....။
