1 y - Translate

AI ပြိုင်ပွဲထဲကို ဝင်လာတဲ့ တရုတ်နိုင်ငံ ByteDance ရဲ့ Doubao AI

Doubao ဆိုတာကို သင့်လျော်အောင် ဘာသာပြန်ရရင် အများကြီး၊ အကြီးကြီး လို့အနီးစပ်ဆုံး ဘာသာပြန်နိုင်သလို၊ အလုံးစုံသိမြင်နိုင်တဲ့ AI လို့ ဆီလျော်အောင် ဘာသာပြန်လို့ရပါတယ်။ Baidu ရဲ့ Ernie AI ကိုကျော်တက်ပြီး ByteDance ရဲ့ Doubao ကတော့လောလောဆယ် တရုတ်နိုင်ငံရဲ့ လူသုံးအများဆုံး AI ဖြစ်လာပါတယ်။

August 2023 မှာစတင်မိတ်ဆက်ခဲ့ပြီးနောက် Baidu ရဲ့ Ernie AI ကိုကျော်တက်ပြီး Doubao အနေနဲ့ App Store မှာ Download ၉ သန်းကျော်ရှိပြီး တစ်လကို သုံးစွဲသူ ၄ သန်းခန့်ပုံမှန်ရှိလာနေပါတယ်။ Mobile + PC user ပေါင်းလိုက်ရင် Doubao မှာ အသုံးပြုသူ ၂၆ သန်း ရှိနေပါပြီ။ ChatGPT ကတော့တစ်လကို US တစ်ခုတည်းမှာတင် သုံးစွဲသူ ၇ သန်းခန့်ရှိပါတယ်။

General Usage AI အပြင် Bytedance မှာ Gauth an “AI homework helper” ဆိုတဲ့နာမည်နဲ့ ကျောင်းသားတွေကို စာကူလုပ်ပေးမယ့် AI လည်းရှိပါသေးတယ်။ အဆိုပါ Gauth ကတော့ US မှာ Duolingo ပြီးရင် Download အများဆုံး Educational App ဖြစ်လာပါတယ်။

Apple ကတော့ သူ့ရဲ့တရုတ်နိုင်ငံ Region iPhone တွေမှာ Baidu အစား ​ByteDance နဲ့တွဲပြီး AI Assistance ထုတ်ဖို့ စိတ်ဝင်စားနေပါတယ်။

မိတ်ဆွေအနေနဲ့ Doubao ကိုသုံးမယ်ဆိုရင် Apple ID သို့ Douyin App နဲ့ Sign In ဝင်ပြီးစမ်းသပ်နိုင်ပါတယ်။

image