1 ပတ် - ဘာသာပြန်ပါ။

၃။ ပန်းပွင့်စဉ်နှင့် အသီးကင်းဝင်ချိန်အဆင့်များတွင် ရေလိုအပ်မှုများပါသည်။ သို့ရာတွင် ရေပေးသွင်းခြင်းကို တဖြည်းဖြည်းချင်းတိုး၍ ပေးသွင်းသင့်ပါသည်။
ရေမလုံလောက်ပါက ပန်းပွင့်နှင့် အသီးများ ကြွေကျခြင်း သို့မဟုတ် အသီးဖွိ့ဖြိုးမှု ရပ်တန့်ခြင်း ဖြစ်စေပါသည်။ သုံးရက်ခြား တစ်ကြိမ်ရေသွင်းပါ။
၄။ ရေများလွန်းပါက ပန်းပွင်းများနှင့် အသီးကင်းများ အလွယ်တကူ ကြွေကျပါမည်။ အကြောင်းမှာ သစ်သီးပင်မှာ ကြာရှည်စွာရေငတ်ခံထားသဖြင့် ပထမမြေစွတ်စိုရုံ ရေသွင်းပေးပြီး တစ်နေ့လျှင် နည်းနည်းချင်း ရေပိုပေးသွင်းပါ။
၅။ အသီးကင်းအဆင့် (သံပုရာသီးအရွယ်)တွင် ရေပေးသွင်းသည့် အကြိမ်ရေကို လျှော့ချနိုင်ပါသည်။ ရက်ခြားရေသွင်းပါ။
ငါးရက်၊ ခုနစ်ရက် တစ်ကြိမ် သဘာဝအနေအထားတွင် များစွာသော သစ်သီးပင်မျိုးများမှာ တစ်ချိန်လျှင် နည်းနည်းချင်း ပန်းပွင့််လာပါမည်။
တစ်ပြိုင်တည်း တစ်ချိန်တည်း ပန်းအားလုံးမပွင့်ပါ။
၆။ ခြံတစ်ခြံရှိ သစ်သီးပင်အားလုံးကို တစ်ချိန်တည်းပန်းပွင့်ရန် ရေဖြတ်ပေးပြီး ရေငတ်သည့် ဖိစီးမှု ခံစားစေခြင်းဖြင့် လိုအပ်သည့်အချိန်တွင် ပန်းပွင့်အောင် ဆောင်ရွက်နိုင်ပါသည်။
ရေငတ်သည့် ဖိစီးမှု ကြောင့် အပင်တွင်ကစီဓာတ်များ တိုးလာပြီး အပွင့်၊ အဖူး ဖွိ့ဖြိုးတိုးတက်မှုကို ဖြစ်စေပါသည်။
၇။ ဤနည်းဖြင့် စျေးအမြင့်ဆုံးရသည့် ကာလအတွင်းတွင် သီးထွက်အမြင့်ဆုံးရရန် ဆောင်ရွက်သည့် သေချာသောနည်းဖြစ်သည်။
၈။ အပင်ရေလိုအပ်သည့်အချိန်တွင် ရေငတ်ခြင်း၊ မြေကြီးအစိုဓာတ်မလုံလောက်ခြင်းဖြင့် သီးထွက်ရော အသီးအရည်အသွေးပါ နိမ့်ကျခြင်းဖြစ်ရပါသည်။
၉။ အပင်တွင် ရေပိုနေခြင်း၊ ရေများခြင်းဖြင့် အပင်တုံ့ပြန်မှုမှာ မြေတွင်း လေလျော့နည်းပြီး Phytopthora မြစ်ပုပ်ရောဂါ ဖြစ်ပွားမှုကို အားပေးသည်။
၇။ ကိုင်းဖြတ်ခြင်း
အသီးဆွတ်ခူးပြီး တစ်နှစ်တစ်ကြိမ် အောက်ပါကိုင်းများဖြတ်ခြင်းကို ဆောင်ရွက်ပါ။
(က) မကောင်းသော ကိုင်းများ
(ခ) ရှုပ်ထွေးနေသော ကိုင်းများ
(ဂ) ပုံပျက်နေသော ကိုင်းများ
(ဃ) အင်းဆက်ပိုးများကြောင့် ပျက်စီးနေသောကိုင်းများ
(င) မြေကြီးနှင့်နီးသောကိုင်းများကို ပင်စည်တစ်ဝိုက်ရှိ ကိုင်းသေးများကို ရာသီချိန်မဟုတ်သော ကာလတွင်ရှိသော အသီးများကို ဖယ်ရှားပါ။
၈။ ခူးဆွတ်ရိတ်သိမ်းခြင်း
ကျွဲကောသီးကို ၅လ မှ ၆ လ အကြာအတွင် ခူးဆွတ်ရိတ်သိမ်းနိုင်ပြီ ဖြစ်သည်။

image