1 ပတ် - ဘာသာပြန်ပါ။

ကိုယ်ပိုင်ရေငုတ်သင်္ဘော တည်ဆောက်နိုင်ခဲ့တဲ့ တရုတ်လယ်သမား

အသက် ၆၀ အရွယ်ရှိတဲ့ တရုတ်လယ်သမားကြီး ကျန်းရှန်းဝူဟာ သူ့ကိုယ်ပိုင်ငွေသုံးပြီး ၂၀၂၅ ဇူလိုင် ၂ ရက်မှာ ရေငုပ်သင်္ဘောတစ်စီးကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အလေးချိန်အားဖြင့် ၅ တန်ရှိပြီး အလျား ၂၃ ပေရှိတဲ့ ဒီရေငုပ်သင်္ဘောကို သူကိုယ်တိုင် တည်ဆောက်ခဲ့တာဖြစ်ပြီး ရေအောက် ၈ မီတာအထိ ငုပ်နိုင်ပါတယ်။

သူဟာ အရင်က သင်္ဘောကျင်းမှာ လက်သမားအနေနဲ့ လုပ်ခဲ့ဖူးလို့ သင်္ဘောတွေနဲ့ မစိမ်းပေမဲ့ ရေငုပ်သင်္ဘောကိုတော့ အပြင်မှာ မမြင်ဖူးခဲ့ပါဘူး။ ဒါပေမဲ့ ဖြစ်ချင်တဲ့ဆန္ဒတစ်ခုနဲ့ပဲယွမ် ၅၀၀၀ (ဒေါ်လာ ၇၀၀) သုံးပြီး ပထမဆုံး ရေငုပ်သင်္ဘောကို ၂၀၁၆ မှာ တည်ဆောက်ခဲ့ပေမဲ့ ရေယိုစိမ့်မှုကြောင့် မအောင်မြင်ခဲ့ပါဘူး။

နောက်ပိုင်းမှာ ယွမ် ၄ သောင်း (ဒေါ်လာ ၅၆၀၀ ခန့်) သုံးပြီး ပိုမိုကြီးမားတဲ့ သံမဏိကိုယ်ထည်နဲ့ စတင်တည်ဆောက်ပါတယ်။ ရေငုပ်သင်္ဘောရဲ့ အောက်ခြေကို ၂ တန်လောက် အလေးချိန်ရှိတဲ့ ကွန်ကရစ်တွေ ထည့်လောင်းခဲ့ပါတယ်။

သူ့ရဲ့ ရေငုပ်သင်္ဘောဟာ ခေတ်မီရေငုပ်သင်္ဘောတွေလို အင်ဂျင်ပါဝါကြီးတွေ သုံးထားတာမဟုတ်လို့ ၁ နာရီကို ရေမိုင် ၄ မိုင်ခန့်သာ မောင်းနှင်နိုင်ပြီး နာရီဝက်တစ်ခါ ရေပေါ် ပြန်တက်ဖို့ လိုပါတယ်။ အခု ရေငုပ်သင်္ဘောကို ပင်လယ်ထဲမှာ စမ်းသပ်မောင်းနှင်ဖို့ စီစဥ်နေပြီး အနာဂတ်မှာလည်း ဒီထက် အရွယ်အစားကြီးမားတဲ့ ရေငုပ်သင်္ဘောတစ်စီး တည်ဆောက်ဖို့ အစီအစဥ်ရှိတယ်လို့ သူက ဆိုပါတယ်။

ဒါဟာ တရုတ်နိုင်ငံမှာ သာမန်အရပ်သားတစ်ဦးက ရေငုပ်သင်္ဘောတစ်စီး အောင်မြင်စွာ တည်ဆောက်နိုင်တာ ပထမဆုံးဖြစ်ပါတယ်။

image