ကျောက်ဖရုံသီးအာနိသင်
💚💚💚💚💚💚💚
ကျောက်ဖရုံသီးသည် ကျန်းမာရေးအတွက်တန်ဖိုးရှိသော အစာ ဖြစ်သည်။ အထူးသဖြင့် ဆီးနှင့်ကျောက်ကပ်အတွက် အလွန်ကောင်းသည်။ အရွက်၊ အညွန့်၊ အသီး သုံးမျိုးလုံးစားကောင်းသောအသီးမျိုးဖြစ်သည်။ ကျောက်ဖရုံသီးသည် တာရှည်လည်းအထားခံသည်။ ကျောက်ဖရုံသီး၏အထူးဆေးစွမ်းမှာ ဆီးအိမ်ကို သန့်ရှင်းစေသည်ဟု ရှေးဆေး ကျမ်းများစွာက ဖော်ပြသည်။
♦️အရှင်နာဂသိန်၏ အခြေပြုဆေးအဘိဓာန်တွင်
ကျောက်ဖရုံသီးသည် အားတိုး၊ သုတ်ပွားစေ၏။ ကြေခဲ၏၊ မှည့်သောအသီးသည် ဝမ်းမီး တောက်စေ ၏။ ကြေလွယ်၏။ ဆီးအိမ်ကို သုတ်သင်တတ်၏။ သည်းခြေ၊ ဒေါသကို နိုင်၏။
ထို့အပြင် အရူး၊ သွေးလေ ဖောက်ပြန်သောရောဂါ တို့ကိုလည်းနိုင်၏။
ထို့အပြင် နှလုံးငြိမ်စေသောအစာဖြစ်ကြောင်း ကျမ်းစာများ တွင် ဖော်ပြသည်ကို လေ့လာတွေ့ရှိရသည်။
♦️ရသာ၊ ဓာတုဆေးကျမ်းတွင်
ကျမ်းလာမဖောက်၊ သိလျှင်မြောက်စုံ၊ ကျောက်ဖရုံမူ၊ မတူအရေး၊ သွေးနှင့်ယုတ္တံ သင့်ပြန်ခြင်းရာ၊ အားကိုသာလျှင်၊ ပဝတ္တတိ၊ ဖြစ်လေဘိသုံး၊ နှလုံးငြိမ်စေ၊ ဆောင်ရွက် ပေးသည်၊ ညာကြေအံ့၍ မခန်းတည်း . . . ။
♦️ကျောက်ဖရုံသီးသည်
အပြစ်ကင်းသည့်အသီးမျိုးဖြစ်သည်။ ကျောက်ဖရုံသီးစားပြီး တစ်စုံတစ်ရာဖြစ်သည်ဟု မကြားဖူးပါ။ အသီး၏မျိုးနွယ်မှာလည်း ရုက္ခဗေဒပညာအရ ဘူးသီးမျိုးရင်းဖြစ်၍ ပို၍အ္တရာယ်ကင်းသည်။ တစ်နှစ်ခံနွယ်ပင်မျိုးဖြစ်သည်။ အသီးနှင့်အရွက်တွင် ဘူးသီးထက် ပို၍ အမွေးအမှင်ကြမ်းကလေးများ ပါရှိသည်။ အသီးအရွက်တွင် အမွေးအမျှင်ကလေးများပါရှိခြင်းသည် ဓာတ်သဘောအရ အာကာသဓာတ်ပါရှိသည့်သဘောဖြစ်သည်။
အပိတ်စာ၊ အတက်စာ မဟုတ်။ အပွင့်စာ၊ အသက်စာဖြစ်သည်။
ကျောက်ဖရုံသီးကို ဆေးဖော်စားသဖြင့် ကုသရန်ခက်ခဲ သည့် ကျောက်ကပ်ဖော ရောဂါ ပျောက်ကင်းသည်ကို လွန်ခဲ့သော ၁ဝ နှစ်ခန့်က ကိုယ်တွေ့ တွေ့ဖူးပါသည်။
ကျောက်ကပ်အလုပ် မလုပ်သဖြင့် ဆီးကောင်းစွာမသွားနိုင်ဘဲ ဆီးခုံမှစ၍ အောက် ပိုင်း ခြေနှစ်ဖက် လုံးရာင်ပြီး ခြေခုံနှစ်ဖက်လုံး ဖောင်းကားပြီး စီးနေကျဖိနပ်ပင် မဝင်၊ မဆ့ံ့တော့သောရောဂါမျိုးဖြစ်သည်။
♦️ဆေးဖော်စပ်ပုံကို တင်ပြပါမည်။
👉ကျောက်ဖရုံသီးအလုံးရင့်ရင့်တစ်လုံးကို ထိပ်ပိုင်းလက်လေးသစ်ခန့်မှ ဖြတ်လိုက် ပါသည်။
👉အတွင်းမှ အစေ့များပါသောအူတိုင်ကို ဖယ်ထုတ်လိုက်ပါ။
👉ထို့နောက် လွတ်သွားသော အလယ် အူကြောင်းတွင် ချွတ်ဆေးမသုံးသည့် သကြားအညိုကို ဝင်ဆံ့သလောက်ထည့်ပါသည်။
👉ထို့နောက် ဖြတ်ထားသော ထိပ်ပိုင်းကို ပြန်အုပ်ပြီး လက်နှစ်လုံးခန့်ရှိသော ပိတ်စနှစ်ပေခန့်အရှည်တွင် ကွမ်းစား ထုံးကို သုတ်လိမ်းပြီး အသီးထိပ်ပိုင်း အဖုံးမရွေ့စေရန် ပတ်ထားပါသည်။
👉ထိုကျောက်ဖရုံသီးကို နတ်အုန်းဆွဲသကဲ့သို့ ကြိမ်ဆိုင်းကြိုးဝယ်ယူပြီး လေထဲတွင် ချိတ်ဆွဲထားသည်။ အတွင်း၌ဓာတ်ပြုသွားစေရန် ၃ ရက်မှ ၅ ရက်အထိ ထားရသည်။
👉ရက်စေ့လျှင် ဆွဲထားသော ကျောက်ဖရုံသီး ဖင်ပိုင်း အောက်တည့်တည့်မှ စူးချွန်ဖြင့်ဖောက်လိုက်ပါ။ အရည်များကျလာမည်။
👉ထိုအရည်ကို ခံယူပြီး ပုလင်းများဖြင့် ထည့်သိမ်းထားပါ။ အေးသောနေရာတွင်ထားပါ။
(အချို့တောအရပ်တွင် စပါးရှိလျှင် စပါး သို့မဟုတ် စပါးခွံပုံးထဲ မြှုပ်သိမ်းထားလေ့ရှိသည်။)
♦️ကျောက်ဖရုံသီးနှင့်သကြားအရည်ကို တစ်နေ့လျှင်♦️
တစ်ပုလင်းစာ၊ နှစ်ကြိမ် သုံးကြိမ်ခွဲ၍ သောက်သုံးပေးရပါသည်။ ဆီးများစွာသွားပြီး အရောင်များ ကျသွား သည်ကို တွေ့ရပါသည်။ ထိုဆေးသည် ကျောက်ကပ်ကို သန့်စင်စေသည်။ အလုပ် ပြန်လုပ်စေသည့်ဆေးမျိုးဖြစ်သည်။
သကြားထည့်ရသော ဆေးမျိုးဖြစ်သဖြင့် ဆီးချိုရောဂါရှိသူများအတွက်တော့ အဆင်ပြေမည်မဟုတ်ပါ။
ကျောက်ဖရုံသီး၊ ကျောက်ဖရုံရွက်၊ အစေ့၊ အပင်၊ အမြစ်အားလုံး ဆေးဖက်ဝင်ပါ သည်။
♦️ဆေးကျမ်းများအဆိုအရ♦️
👉- ကျောက်ဖရုံအပွင့်ကို စားပေးလျှင် ဝမ်းပျက်ဝမ်းလျှောရောဂါ သက်သာ စေနိုင်သည်။
👉- အသီးကိုစားခြင်းဖြင့် အားရှိစေသည်။ အဆုတ်ရောဂါနှင့်သင့်သည်။ သွေးအန်သွေးကျ ရောဂါသက်သာစေသည်။
👉- အသီးကို နေ့စဉ်စားသုံးလျှင် ဆီးနှင့်ကျောက်ကပ်ရောဂါများအတွက် အကျိုးပြုသည်။ ဆီးအိမ်ကို သန့်စင်စေသည်။
👉- အသီး၏အရည်ကို နေ့စဉ်သောက်သုံးပေးလျှင်၊ ဖျော်ရည်ပြုလုပ်၍ သောက်လျှင် ကျောက်ကပ်မှ ကျောက်ကျစေသည်။
👉- အသီးထဲတွင် ရှိန်းခိုနှင့် ဂျုံပြဆား အနည်းငယ်ထည့်၊ အရည်ကို စစ်သောက် လျှင် ကျောက်များ ကွဲ၍ ကျစေနိုင်သည်။
👉- ကျောက်ဖရုံသီးကို အရည်ဖျော်၍ လေနာ၊ ဝက်ရူးနာ၊ အရူးရောဂါများ အတွက်လည်း သုံးသည်။
👉- ကျောက်ဖရုံစေ့ကို ကလေးသန်ချဆေးအဖြစ်သုံးသည်။
👉- ကျောက်ဖရုံပင်အမြစ်ကို အခြောက်မှုန့်ပြုလုပ်သောက်သုံးလျှင် ပန်းနာ ရင်ကျပ်ရောဂါ သက်သာပျောက်ကင်းစေသည်။
👉- ကျောက်ဖရုံယိုသည် အစာအိမ်၊ ဆီးအိမ် ပူသောရောဂါကို ငြိမ်းစေနိုင်သည်။ အစာကိုလည်း ကြေစေနိုင်သည်။