1 ပတ် - ဘာသာပြန်ပါ။

USB-C မပါတဲ့ iPhone တွေကို အလှလဲမပျက် ၊ USB-C Port ထည့်ပေးမယ့်ကာဗာတစ်ခု ထွက်လာပြီ
မှတ်မိကြမလားမသိ Lightning Port ကို USB-C Port ပြောင်းထားတဲ့ iPhone ကို $85000 နဲ့လေလံတင်နိုင်ခဲ့တဲ့သူကို? ၊ အခု ကာဗာထွင်ထားတာသူပါပဲ
ကာဗာတစ်ခုဆိုပေမယ့် သဘောကျတာလေးတွေကြောင့် ပြောဖြစ်သွားတယ်
ကာဗာ Design က အရမ်းမိုက်တယ် iPhone ရဲ့ အလှကို အရမ်းထိခိုက်မသွားဘူး iPhone တွေမှာရှိတဲ့ နေဟာလွတ်တစ်ခုကို ရအောင်ရှာပြီး USB-C Port ထည့်ပေးထားတာပါ
နောက်တစ်ခုက နည်းပညာပိုင်းပဲ
သူရှင်းပြမှပဲ iPhone မှာ USB-C Port ပြောင်းတာ ဘယ်လောက်ခက်လဲသိတော့တယ်
ရှင်းအောင်ပြောရရင် iPhone တွေက Voltage ပိုမြင့်တဲ့ အားသွင်းစနစ်ကို သုံးလို့ရတယ် ဒီစနစ်ကို သုံးလို့ရလို့ ကိုယ်က အာသွင်းကြိုးတပ်လိုက်ရင် နောက်ကွယ်က Process လေးတွေရှိတယ်
ဘာလဲဆိုတော့ အားသွင်းခေါင်းတွေမှာပါတဲ့ Pin တစ်ခုနဲ့ “မြန်မြန်အားသွင်းလို့” အသိပေးတာပါ ဒါက Lightning Port မှာဆိုပြသနာမရှိဘူး အသိပေးမယ့် Pin က တစ်ခုပဲ ပါတာ ဆိုတော့ အားသွင်းကြိုးကို ဘယ်လို လှည့်ထိုးထိုး အဆင်ပြေတယ်
Type-C (USB-C) ကျ ဒီ Pin လေးနှစ်ခုပါတော့ ပြသနာရှိသွားတာပေါ့ Pin က ဘယ်ညာတစ်ခုစီရှိတော့ ဒီတိုင်း ကြိုးကို အပေါ်အောက်လှန်ထိုးရင် ဖုန်းက Pin နဲ့ ကြိုးက Pin တည့်မှပဲ Fast Charging က အလုပ်လုပ်တယ်
ဒီကာဗာမှာတော့ ဒီလိုဖြစ်တဲ့ပြသနာကို ဖြေရှင်းထားပြီးတော့ USB-C ကြိုးနဲ့လဲ ဘယ်လို အနေအထားနဲ့ အားသွင်းသွင်း Fast Charging စနစ်ရပါမယ်တဲ့
နောက်တစ်ခုက Product Support ပါ လက်ရှိ iOS Update ရသေးတဲ့ Lightning Port ပါတဲ့ iPhone Model 20 ကျော်ကို USB-C Port ပါတဲ့ကာဗာထုတ်ပေးမယ်ဆိုထားပါတယ်
Idea က တကယ်မိုက်ပါတယ် တစ်ချို့တွေကျ USB-C port လိုတယ် ဒါပေမယ့် Port လေးတစ်ခုနဲ့ ငွေအများကြီး မသုံးချင်ရင် ဒီလိုကာဗာ ဝယ်တပ်လိုက်ရုံပဲ
ကာဗာစျေးကတော့ $60 ဝန်းကျင်ပါ မြန််မာငွေနဲ့ဆို ၂ သိန်း ၃ သိန်းကြားပေါ့ ဖုန်းအသစ်ဝယ်ရမှာထက်တော့ သက်သာနေတုန်းပါပဲ 😁
YAY or NAY ကတော့ စာဖတ်သူတို့ပဲပြောခဲ့ပါဦး

image