1 ပတ် - ဘာသာပြန်ပါ။

ရှေးခေတ်က အီဂျစ်လူမျိုးတွေဟာ နိုင်းမြစ်ရေကြီးချိန်ကို ကြိုတင်သိရှိနိုင်ဖို့အတွက် ကောင်းကင်က ကြယ်တာရာတွေကို စောင့်ကြည့်လေ့လာခဲ့ကြပါတယ်။
အထူးသဖြင့် Sirius လို့ခေါ်တဲ့ ခွေးကြယ်ဟာ မိုးကုတ်စက်ဝိုင်းအထက်ကို နေမထွက်ခင် ပထမဆုံးအကြိမ် ပေါ်ထွက်လာတဲ့အချိန် (heliacal rising) ကို စောင့်ကြည့်ပြီး နိုင်းမြစ်ရေကြီးတော့မယ်ဆိုတာကို ခန့်မှန်းခဲ့ကြပါတယ်။
ဒီအချက်ဟာ သူတို့ရဲ့ စိုက်ပျိုးရေးနဲ့ နေ့စဉ်ဘဝအတွက် အလွန်အရေးပါခဲ့ပါတယ်။ကျွန်တော်တို့ နာရီတွေမှာ တစ်နေ့မှာ ၂၄နာရီ ရှိရမယ်လို့ စတင်သတ်မှတ်ခဲ့တာလည်း အီဂျစ် လူမျိူးတွေဖြစ်ပါတယ်။သူတို့ရဲ့ ပြက္ခဒိန် ဟာလည်း တော်တော်တိကျပြီး တစ်နှစ်မှာ ၃၆၅ ရက် ရှိအောင် တွက်ချက်သတ်မှတ်ထားပါတယ်။
ကောင်းကင်က Constellation လို့ခေါ်တဲ့ တာရာ ၁၂ ခုအတွက် နေ့ ၁၂ နာရီ ည၁၂ နာရီသတ်မှတ်ပြီး အချိန်အမှတ်အသားစတင်ပြုလုပ်နိုင်ခဲ့ကြပါတယ်။ဒီအတွက်လည်း နေနာရီလို့ ခေါ်တဲ့ Sundial တွေကို စတင်အသုံးပြုခဲ့ကြတာလည်း သူတို့တွေပါပဲ။
ပုံကတော့ Helical rising လို့ခေါ်တဲ့ Sirius ကြယ်ဟာ နေမထွက်ခင်အရင်ထွက်လာတဲ့ ပုံစံပါ။
ဒီလိုကြယ်ထွက်လာတာကိုမြင်ရပြီဆိုရင် ရှေးဟောင်း အီဂျစ်ပြည်မှာ နိုင်းမြစ်ရေကြီးတော့မယ်ဆိုတာကို သူတို့ အနေနဲ့ အချိန် အမှတ်အသားပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
နှစ်စဉ် July လကုန် August လအစပိုင်းလောက်မှာ Sirius ကြယ်အတွက် Heliacal rising ဖြစ်တတ်ပါတယ်။အခုနှစ်အတွက်တော့ August 10-11ရက်နေ့ဖြစ်ပါတယ်။
~MASES / Soe pyae htat

image