ဘဝမှာသဘောအကျဆုံးအကောင်တွေထဲမှာ တောင်ဆိတ်တွေပါတယ်။
သူတို့ဟာအန္တရာယ်နဲ့နေသားကျနေတယ်။
.
တကယ်တော့သူတို့မှာ မျောက်တွေလိုနီးရာကိုဖမ်းယူဆုပ်ကိုင်ဖို့
အမြီးနဲ့လက်တွေမပါဘူး။ သူတို့မှာခွာတွေပဲပါတယ်။
အဲ့ဒီခွာကအသက်ပဲ။
.
အဲ့ဒီခွာတွေနဲ့ နေသားကျအောင် balancing ကိုသုံးပြီး
ကျောက်တောင်တွေကိုဖြတ်လျှောက်ကြတယ်။
.
နေ့စဉ်အခက်အခဲတွေကိုဖြတ်လျှောက်ရတာများတော့
အခက်အခဲတွေကို သူတို့မမှုတော့ဘူး။
.
အဲ့ဒီမှာ #အခက်အခဲကသူတို့ရဲ့အားသာချက်ပြန်ဖြစ်သွားတယ်။
.
သူတို့နယ်ပယ်မှာ #သူတို့လိုအခက်အခဲကိုမဖြတ်ကျော်နိုင်တဲ့
ကျားသစ်မြေခွေးတွေ သူတို့ကိုဖမ်းမစားနိုင်ဘူး။
နောက်ပြန်လှည့်လှည့်သွားရတယ်။
.
ကျားသစ်ဟာ ကမ္ဘာပေါ်မှာအမြန်ဆုံးသတ္တဝါထဲမှာပါတယ်ဆိုပေမယ့်
မြေညီကွင်းပြင်ထဲမှာသာသူက သားကောင်ကိုလိုက်ဖမ်းတာမြန်တာ။
.
တောင်ဆိတ်တွေကိုကြည့်လိုက်ရင် တောင်ဘယ်လောက်မြင့်မြင့်၊
ကမ်းပါးဘယ်လောက်မတ်မတ်၊ လမ်းဘယ်လောက်ကြမ်းကြမ်း
ရအောင်တက်မယ်ဆိုတဲ့ စိတ်ရှိတာတွေ့ရတယ်။
.
တောင်စောင်းအစွန်းမှာနေနေတဲ့ တောင်ဆိတ်မှာ
confidence ကိုယ့်ကိုယ်ကိုယုံကြည်စိတ်အပြည့်ရှိတယ်။
ပြုတ်ကျမှာစိုးရိမ်စိတ်တစ်စိမှရှိတဲ့ပုံမရဘူး။
.
ဒါတွေဟာအလကားတော့ရမလာဘူး။
နေ့စဉ်ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံတွေက
တောင်ဆိတ်ကို ကမ်းပါးစွန်းကိုမမှုစေတော့ဘူး။
.
ကျနော့်ခေါင်းရင်းမှာ တောင်ဆိတ်ရုပ်တုလေးတစ်ခုရှိတယ်။
ဘဝမှာအခက်အခဲတွေကြုံလာတိုင်း ကျနော်ကတော့
တောင်ဆိတ်ပုံကိုပြန်ပြန်ကြည့်ပြီး အားယူလေ့ရှိတယ်။
.
ကိုယ်ရင်မဆိုင်ချင်လည်းရင်ဆိုင်ရလာတဲ့အခက်အခဲကို
တောင်ဆိတ်လို used to အသားကျသွားဖို့ ကိုယ့်ဟာကိုယ်သတိပေးလေ့ရှိတယ်။
#crd_to_owner
