သံပုရာသီးကို အိပ်ယာအောက်ထားပါ ✨

အိပ်ယာမှာ ကြမ်းပိုးတွေ ရှိနေခြင်းက အင်မတန်ကို အနှောက်ယှက်ဖြစ်စရာပါ။ကြမ်းပိုးတွေရှိပြီဆိုရင်လည်း ရှင်းရအတော်ခက်ပြီး အကိုက်ခံရတာကလည်း အခံရခက်ဆုံးပါပဲ။ကြမ်းပိုးအပြင်တစ်ခါတစ်လေ အဆိပ်ရှိ သတ္တဝါတွေလည်း အိပ်ယာပေါ် တက်လာနိုင်ပါသေးတယ်။အခုလိုတွေကြုံနေရပြီဆိုရင်တော့ သံပုရာသီးလတ်လတ်ဆတ်ဆတ်တစ်လုံးစီကို မိမိအိပ်တဲ့ ကုတင်ထောင့်လေးထောင့်နားမှာထားပေးပါ✅ညှိုးနွမ်းသွားရင်တော့ အသစ်ပြန်လဲပေးနော်။

မိမိအိပ်ယာအောက်၊ဖျာ၊မွေ့ယာအောက်မှာ အရည်ညှစ်ပြီးသား သံပုရာသီးအခွံကို ပါးပါးလှီးကာ ဖြန့်ထားခြင်းလည်းလုပ်လို့ရပါတယ်။ခြောက်လတစ်ကြိမ်အသစ်ပြန်လဲပေးရင်ရပါတယ်။

အခုလိုထားအိပ်ခြင်းဖြင့် သံပုရာသီးရနံ့ကြောင့် ပိုးမွှားအန္တရာယ်မှ ကင်းဝေစေနိုင်သလ်ု အိပ်ယာ၀င်ချိန် အမူးအဝေပျောက်ခြင်း၊အနှောက်ယှက် ပယောဂ မ၀င်စေနိုင်ခြင်း၊မြွေကင်းများလည်းအနားမကပ်နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေရရှိစေပါတယ်။
မိတ်ဆွေတို့လည်း ပြန်လည်မျှဝေခြင်းဖြင့် ကျန်းမာရေး ကုသိုလ်ယူပေးကြပါ 🙏

image