11 ပတ် - ဘာသာပြန်ပါ။

မမြင်ရတဲ့ လက်ကလေးရဲ့နွေးထွေးယုယမူကို
ကိုယ့်နဖူးပြင်မှာ အုပ်မိုးထားစေချင်တဲ့ စိတ်ကလေးသက်သက်ပါပဲ၊

ကိုယ့်ဘဝရဲ့အရှည်ကြာဆုံးသော နွေဦးလေးက မင်းဖြစ်ခဲ့ရင် မင်းအနားမှာ အနေကြာ, ကြာ ချင်တဲ့ နေကြာပန်းပင်လေးက
ကိုယ်ပဲ ဆိုပါတော့၊
လက်ဖဝါးအရွယ် ချောင်းကြည့်ပေါက်ကလေး ကနေ
ကိုယ်အစောဆုံး သတိရတတ်တဲ့ နံနက်ခင်းလေးဆိုတာ
မင်းအပြုံးတွေ ဖြစ်နေလို့လည်း တစ်ပါးသူ ကျပျောက်ခဲ့ဖူးတဲ့ သက်ပြင်းမောလေးတွေ ကိုယ်ကောက်တွေ့ခဲ့ပါပြီ။
မင်းရယ်သံလေးတွေဆီမှာ
ဒီလူ့မျက်ဝန်းအကြည့်တွေ ဖျားနာကိုက်ခဲနေမလားလို့
စိုးရိမ်တကြီး ဖြစ်ရတိုင်း အတင်းဖက်တွယ်ဆုပ်ကိုင်မိတဲ့
ချောက်ကမ်းပါး အစွန်းဖျားလေးက မင်းဖြစ်နေခဲ့တာ အကြိမ်ကြိမ်ပါပဲ၊
ဖြစ်နိုင်ရင်…..,
ပျော်ရွှင်မူက ဘာအရောင်ဖြစ်တဲ့ အကြောင်း
ကိုယ့်ဘဝကိုသုံးပြီး မင်းကိုယ်တိုင် ဆေးခြယ်ပြစေချင်တယ်၊
ဖြစ်နိုင်ရင်…..,
ချစ်ခြင်းက ဘယ်လိုခွန်အားကို ပေးတဲ့အကြောင်း
ကိုယ့်နှလုံးသားကိုသုံးပြီး မင်းကို ရင်ခုန်ကြည့်စေချင်တယ်၊
ဖြစ်နိုင်ရင်…..,
မျှော်လင့်ချက်က ဘယ်လောက်ခက်ခဲ ပင်ပန်းကြောင်း
ကိုယ့်အသက်ကိုသုံးပြီး မင်းကို စောင့်ဆိုင်းနေစေချင်တယ်၊

ဖြစ်များ ဖြစ်နိုင်ရင်
ဖြစ်များ ဖြစ်နိုင်ရင်ပေါ့ အချစ်ရယ် ။
- NTO