1 w - Translate

***ရှန်ဟိုင်းမြို့ကို တိုင်ဖုန်းမုန်တိုင်း ဝင်မွှေတော့
မည်***

တရုတ်နိုင်ငံ၊ ရှန်ဟိုင်း​​မြို့ကို တိုင်ဖွန်းမုန်တိုင်း
ဝင်မွှေတော့မှာ ​ဖြစ်သောကြောင့် ရှန်ဟိုင်း​မြို့မှ
နေထိုင်​​သူ ၂၈၃,၀၀၀ ​ကျော်ကို တရုတ်အာဏာ
ပိုင်တွေက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေး
နေ​​ကြပါသည်။ရုရှားမှာ လှုပ်ခဲ့တဲ့ ငလျင်
ကြောင့် ဆူနာမီ သတိပေးချက်လည်းထုတ်
ထားပေမယ့် ၊အဲဒါထက် တိုင်ဖုန်းမုန်တိုင်း
အန္တရာယ်က ပိုကြီးနိုင်တယ်လို့ သိရပါ
သည်။

တိုင်ဖွန်းမုန်တိုင်းက မိုးသည်းထန်စွာရွာသွန်းခြင်း၊ ကမ်းရိုးတန်းရေလျှံခြင်းနှင့် ထိခိုက်ပျက်ဆီးမှု
တွေ များစွာ ရှိနိုင်လိမ့်မည်လို့ မိုးလေဝသ ပညာ
ရှင်တွေက ခန့်မှန်းထား​​ကြ​သည်။Pudong နှင့်
Hongqiao တို့ရဲ့လေကြောင်းခရီးစဥ် အားလုံး
ပေါင်းရဲ့30% နီးပါးကို ဖျက်သိမ်းလိုက်ပြီး၊
— ​လေကြောင်းခရီးစဉ်- 640 (410 Pudong,
230 Hongqiao)အထိ ဖျက်သိမ်းထားလိုက်
ရတယ်လို့ သိရပါသည်။

တိုင်ဖုန်းမုန်တိုင်း ကြောင့် တရုတ်နိုင်ငံအရှေ့ပိုင်း
ဒေသ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို
ရပ်နားထားရပြီး၊ကျောင်းတွေ၊အလုပ်ရုံ
တွေကိုလည်း ယာယီ ပိတ်ထားလိုက်ရပါ
သည်။ ⚠️ ဓာတ်အားပြတ်တောက်မှုနှင့် အ
ခြေခံအဆောက်အအုံများ ပျက်စီးနိုင်ခြေ
များနိုင်ကြောင်း ပညာရှင်များက သတိပေး
ထားကြပါသည်။

image