#သွေးမတိုး ဖို့ ဘာလုပ်မလဲ
💛💛💛
- ၀မ်းမှန်ဖို့ အသီးအနှံတွေကို ဦးစားပေး စားပါ ၊
- အစာကြေဖို့ ခက်ခဲတဲ့ အစာတွေကို ရှောင်ပါ ၊
- ကြေလွယ်တဲ့ အစာတွေကို စားပါ ၊
#သွေးမတိုးချင်သူဟာ
- ၀မ်းမှန်စေတဲ့ အစာတွေကို အာရုံပြုစားပါ ၊
- ၀မ်းမှန်ပါစေ ၊ မမှန်က ၀မ်းချူပေးပါ ၊
#စားရန် 💛💛
- သွေးမတိုးလိုသူဟာ ချဉ်ချို အရသာ ကို ဦးစားပေးစားရပါ့မယ် ၊
( သင်္ဘောသီးမှည့် ၊ ဘာလီသီး ၊ သရက်သီးမှည့် ၊ စပျစ်သီး ၊ ပန်းသီး )
- ထမင်းဟင်းလျာ စားတဲ့အခါမှာ ကြေလွယ်၊ ကျက်လွယ်တဲ့ အစာ အာဟာရကို စားပေးပါ ၊
- အထူးသဖြင့် သွေးတိုးသမားဟာ ပဲကတ္တီပါ ( ပဲနီပြား )ပြုတ်ကို ကြက်သွန်နီ ၊ ဆီစိမ်းဆမ်းပြီး စားပါ ၊ သွေးတိုးရောဂါ ကို အဟန့်အတားဖြစ်ဖို့ သိပ်ကို အားကိုးရပါတယ် ။💛💛💛
#အကျိုးထူး
ဒီလို နေထိုင် ပြုမူလုပ်ဆောင်မယ်ဆိုရင် အထက်ကိုဆန်တဲ့ လေတွေ အောက်ကို စုန်လာမယ် ။ လေစုန်ရင် သွေးတွေရဲ့ လှုပ်ရှားလှည့်ပတ်မှု အရှိန်အဟုန်ဟာ ကမောက်ကမ မဖြစ်တော့ဘဲ အချိုးအစား ပြန်ညီလာရင် သွေးတိုးတာ သိသိသာသာ သက်သာမယ် လို့ ပြောချင်ပါတယ် ။
#ရှောင်ရန် 💛💛
- လေကိုချုပ်စေမယ့် အစာ
- အဆီ၊ အစေး များတဲ့ အစာ ၊
- ပြုပြင်ဖန်တီးထားတဲ့ ယို ၊ စည်သွတ်ဘူး ၊ ဆေးသကြား၊ ဓါတုပစ္စည်းပါတဲ့ ဖျော်ရည် ၊ ကြော်၊ လှော် ၊ကင် ထားတဲ့ အစာ တွေ၊
- အသားချည်း စားသုံးတာ တွေကို ရှောင်ရပါ့မယ် ။
#လေ့ကျင့်ခန်းလုပ်ပါ
- ချွေးမညီမျှရင် သွေးတိုးတတ်တာကြောင့် ချွေးထွက်မှန်ဖို့ လိုအပ်ပါတယ် ။ချွှေးထွက်မယ့် လေ့ကျင့်ခန်းကို နေ့စဉ် မှန်မှန် လုပ်ပေးပါ။
- ချွေးထွက်အောင် လမ်းလျှောက်ပါ ။
အကြံပေး တိုက်တွန်းချက်
- လေများများ အောက်ကိုစုန်ဖို့ ကြိုးစားပါ ၊
- ၀မ်း ( ဓာတ် )မှန်မှန်သွားအောင် ပြုမူနေထိုင်ပါ ၊
- ဆီး မှန်မှန် သွားပါ ၊
- ချွေးများများ နဲ့ ညီညီ ထွက်အောင် ကြိုးစားပါလို့ တိုက်တွန်းချင်ပါတယ် ။ 💛💛
#လေတွေ အောက်ကိုစုန်အောင် ဘယ်လိုလုပ်ရမလဲ
မြန်မာ့တိုင်းရင်းဆေးပညာမှာ သွေးတိုးတာဟာ လေပူတိုးလို့ ဖြစ်တာပါ ။
လေရဲ့ သဘောတရားက ပူရင် ပေါ့ပြီး အထက်ကိုဆန်တက်တယ် ၊ဒါ့ကြောင့် ပူတဲ့ စပ်တဲ့ အစာတွေကိုရှောင်ရမယ် ။
အောက်ကိုစုန်ဖို့ မှာ လေချည်း စုန် လို့လည်း သိပ်မပြည့်စုံဘူး ။ ဆီး ၊ ၀မ်း ၊ သွေး ၊ လေ အားလုံး ညီညီမျှမျှ စုန်ဖို့ လိုပါတယ် ။
ဒီတော့ အချဉ် နဲ့ အခါး ကို မျှစားရင် လေက အောက်ကိုလည်စေပါတယ် ။💛💛
#လေမချုပ်ဖို့ ( လေသက်ဖို့ )
- ပဲကတ္တီပါပြုတ် ကို စားပါ ၊
- ဆောင်းအကူးမှာ သလဲသီး စားပါ ၊
- အိမ်ရှင်မတွေ အနေနဲ့ ပဲဟင်းနဲ့တွဲလို့ သရက်ချဉ်သုပ် ( ကြက်သွန်နီစိမ်း ၊ဆီ တို့ဖြင့် သုပ် )
စားရင် လေမချုပ်ဘဲ လေ က အောက်ကို စုန်ပါလိမ့်မယ် ။
- လေသက်ဖို့ တစ်ချို့က လျက်စား စားလို့ ရလား မေးကြတယ် ၊ မငန်တဲ့ နွယ်ချို များ တဲ့ လျက်စားကို စားနှိုင်ပါတယ် ၊
-
#၀မ်း ( ဓာတ် )မှန်ဖို့ ပြုပြင်နေထိုင်ပါ
- ဒိန်ချဉ် ၊ ထမင်းစားတဲ့အခါ မန်ကျည်းသီးမှည့်ပါတဲ့ ချဉ်ရေဟင်း ၊ မန်ကျည်းဖျော်ရည် ၊ ခရီးသွားလို့ မနားရရင် မန်ကျည်းတော်ဖီ သရေစာ စားပါ ၊
- တစ်ပတ် နှစ်ရက်လောက် သင်္ဘောသီးမှည့် ၊ ဖီးကြမ်း ငှက်ပျောသီး စားပေးပါ ၊
- လမ်းလျှောက်မယ် ၊ ကိုယ်လက် လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ ။💛💛
- ရေ ကိုလည်း တစ်နေ့ ရေသန့်ဗူးကြီး သုံးဗူး လောက်နီးပါး သောက်ပါ ၊ ရေသောက်ပြီးတိုင်း ထန်းလျှက် နည်းနည်း စားပေးမယ်ဆိုရင် အစာလည်းကြေပါလိမ့်မယ် ။
Crd
