လုပ်နည်းကအရမ်းလွယ်နေရောပဲနော်
အိမ်မှာကြော်စားတဲ့ ဘယာကြော်
ကုလားပဲတွေကို တစ်ညရေစိမ်ထားတယ်
ကြော်ဖို့ထောင်းခါနီးမှ ရေစစ်တယ်
ဆုံထဲထည့်ထောင်းလည်းရ စက်နဲ့ကြိတ်လည်းရတယ်
အစေလေးတွေကျန်အောင် ထောင်းတယ်
ပြီးရင်.....
ဆော်ဒါမှုန့် အနည်းငယ်၊
ဆား၊ မဆလာ
ကြက်သွန်နီ နုတ်နုတ်စင်း၊ ရုတ်သီးစိမ်း ပါးပါးလှီး၊
ရုတ်သီးအခြောက်တောင့် ပါးပါးလှီး
ပျဉ်းတော်သိမ်ရွက် ပါးပါးလှီးတို့နဲ့ နယ်မယ်
နယ်ပြီးရင် ဆယ်မိနစ်လောက် နှပ်ထားတယ်
ပြီးမှ အလုံးလေးတွေလုံးကြော်တယ်
ဆီပူပူမှာကြော်ပါ။
ပူပူလေးစားရင် အရမ်းအရသာရှိတယ်
အချဥ်ရည်လေးနဲ့ဆို လိုက်ဖက်သောပါပဲ 😋
