1 ပတ် - ဘာသာပြန်ပါ။

"Bubble Boy" လို့ လူသိများကြတဲ့ David Vetter ဟာ ကိုယ်ခံအားစနစ် လုံးဝမရှိတဲ့ ရှားပါးမျိုးရိုးဗီဇချိုယွင်းမှုနဲ့ မွေးဖွားခဲ့ပါတယ် သူ့ကို အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ ပိုးမွှားတွေရန်ကနေ ကာကွယ်ဖို့အတွက် သူ့တစ်သက်တာလုံး လုံးဝပိုးသန့်စင်ထားတဲ့ ပလတ်စတစ်ပူဖောင်းထဲမှာ နေခဲ့ရပါတယ် ၁၂ နှစ်တာကာလပတ်လုံး David ဟာ ဒီပလတ်စတစ်ပူဖောင်းထဲမှာ ပိတ်လှောင်ခံခဲ့ရပြီး အခြားလူသားတစ်ဦးကို မထိတွေ့နိုင်ခဲ့သလို ပြင်ပကမ္ဘာကိုလည်း တွေ့ကြုံခံစားခွင့်မရခဲ့ပါဘူး
ဝမ်းနည်းစရာကောင်းတဲ့ အခြေအနေတွေကြားကနေ David ဟာ အသက်ရှင်သန်ဖို့အတွက် အားတင်းပြီးနေခဲ့ရပါတယ် ဒါပေမဲ့လည်း သူဟာ အရိုးခြင်ဆီအစားထိုးကုသမှု မအောင်မြင်ပြီးနောက် ၁၂ နှစ်သားအရွယ်မှာဘဲကွယ်လွန်ခဲ့ရပါတယ် ဒါပေမဲ့ သူ့ကြောင့် ဖြစ်ပေါ်လာတဲ့ ဆေးပညာဆိုင်ရာ တိုးတက်မှုတွေကတော့ ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image