1 ပတ် - ဘာသာပြန်ပါ။

နမ့်ခမ်း - မူဆယ်လမ်းမ ယာယီပိတ်
ဇူလိုင် ၃၁၊ ၂၀၂၅
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်း - မူဆယ်လမ်းမ ကို ဇူလိုင် ၃၁ ရက်နေ့ မနက်ကစပြီး ယာယီပိတ်ထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
"နမ့်ခမ်း - မူဆယ်လမ်း ပိတ်တယ်လို့ တော့ ကြားတယ်။ မူဆယ်ကနေ ဆင်းလာရင် ကြိုဆိုပါ၏ မုဒ်ဦး မရောက်ခင်၊ ရေဆိပ်ဘက် ကွေ့သွားတဲ့ နားမှာလေ။ ရပ်ကွက်လို့လည်း ပြောလို့ရတယ်။ ရွာလို့လည်းပြောလို့ရတယ်။ ဘာကြောင့် ပိတ်တာတော့ မသိဘူး။ ဘယ်နှစ်ရက် ပိတ်မယ်ဆိုတာလည်း မသိရဘူး" လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ဒီနေ့ ဇူလိုင်လ ၃၁ ရက်နေ့ မနက်ကစ ပိတ်လိုက်တာဖြစ်ပြီး မူဆယ်ဘက်ခြမ်းလည်း နစကဘက်က ပိတ်ထားတယ်လို့ သိရတယ်၊ စစ်တပ်ဘက်က အရင်ပိတ်တယ်လို့ သိရတယ်လို့ သူက ပြောပါတယ်။
"ဇူလိုင်လ ၃၁ ရက်နေ့ကစ နမ့်ခမ်း - မူဆယ်လမ်း လောလောဆယ် အသွားအလာ ပိတ်ထားမယ်၊ ဘယ်နှစ်ရက်ကြာမလဲ ဆိုတာတော့ မသိသေးဘူး။" လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
ဖြတ်သန်းလို့ ရတဲ့ အချိန် ပြန်လည်အသိပေး အကြောင်းကြား ပေးမယ်လို့ပဲ သိရတယ်လို့ သူက ပြောပါတယ်။
ဈေးသည်တွေနဲ့ ခရီးသွားပြည်သူတွေ၊ ကားသမားတွေကတော့ ဖြတ်သန်းလို့ မရတာကြောင့် အခက်ကြုံနေကြရတယ်လို့ ဆိုပါတယ်။
မူဆယ်မှာလည်း အခုရက်ပိုင်းအတွင်း စစ်ဆေးရေးတင်းကြပ်နေပြီး အွန်လိုင်းငွေလိမ်သူတွေကိုလည်း ဖမ်းဆီးနေတာတွေ ရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Photo Crd# ဒေသခံ

imageimage