1 ပတ် - ဘာသာပြန်ပါ။

ကြက်သားကြော်ဆီချက်
..................................
နောက်ဆီချက်တစ်မျိုးကတော့ ကြက်သားကြော်ဆီချက်ပါ။
ကြက်ဥခေါက်ဆွဲအမျှင်ကို အသုံးပြုထားပြီး ရိုးရိုးကြက်သားပြုတ်အစား ကြက်သားကြော်နဲ့ အစားထိုးထားတာပါ။
ပါ၀င်ပစ္စည်းများ
.......................
• ကြက်ပေါင်သား - အရိုးလွတ်တစ်ခု
• ကြက်သွန်မြိတ်လှီးပြီးသား - အနည်းငယ်
• ပဲငံပြာရည် - စားပွဲဇွန်း ၂ ဇွန်း
• ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
• ကြက်ဥခေါက်ဆွဲအသေး - ၂၅၀ ဂရမ်
• ကြက်ဥ - ၁ လုံး
• ဂျုံမှုန့်+ ဆော်ဒါ - စားပွဲဇွန်း ၂ ဇွန်း +လက်ဖက်ရည်ဇွန်း ၈ ပုံတစ်ပုံ
• ကြက်သွန်ဖြူ
• ဆီ
ခေါက်ဆွဲနှင့် တွဲစားရန်ဆော့စ်
........................................
• ပဲငံပြာရည်အကြည် - စားပွဲဇွန်း ၂ ဇွန်း
• ခရုဆီ - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
• ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
ပြုလုပ်နည်း
..................
၁။ ဦးစွာ ကြက်သွန်ဖြူများကို မညက်တညက်ထောင်းကာ
နနွင်းမထည့်ဘဲ ဆီသတ် ထားပါ။
၂။ အသားကို ပဲငံပြာရည်၊ ဆားနှင့် နာရီ၀က်ခန့်နှပ်ထားပြီးမှ
ကြက်ဥ၊ ဂျုံမှုန့်လူးကာ <ကပ်နေအောင်ကြော်ကာ ဆီစစ်ထားပါ။
၃။ ရလာသောကြက်သားကြော်အား လက်တစ်လုံးခန့်အထူရအောင်
လှီးထားလိုက် ပါ။
၄။ ခေါက်ဆွဲကိုလည်းပြုတ်ထားပြီး ဆီချက်နှင့် ရောနယ်ပေးထားပါ။
(ခေါက်ဆွဲတစ် ပွဲစာကို ဆီ စားပွဲဇွန်း ၁ ဇွန်းခန့်ရောနယ်ပါ)။
၅။ ထို့နောက် ဆော့စ်ထည့်ကာ သမအောင်မွှေပါ။
(ခေါက်ဆွဲတစ်ပွဲစာကို ဆော့စ် စားပွဲဇွန်း ၁ ဇွန်းခန့်ရောနယ်ပါ)
၆။ လှီးထားသော ကြက်သား၊ ကြက်သွန်မြိတ်နှင့်
ဆီချက်များဆမ်းကာ တွဲဖက်သုံး ဆောင်ပါ။

image