ညအိပ်မပျော်သူများအတွက် ဂျင်းရေ......
ဒီရက်ပိုင်း ညအိပ်မပျော်တာ၊ အိပ်ပျော်ရခက်တာ၊ ညဘက် မကြာခဏ နိုးတာ၊ မနက်ရောက်ရင် ငိုက်မျဉ်းပြီး တစ်နေကုန် သမ်းနေရတာမျိုးတွေ ဖြစ်ဖူးလား။ ဒါဆိုရင် 'ဂျင်းရေ' သောက်ကြည့်ပါ။
👉ပါဝင်ပစ္စည်းများ-
• ဂျင်းအရင့် ၄-၅ ချပ်
• အုန်းသကြား (စိတ်ကြိုက်) မထည့်လည်းရပါတယ်
• ရေ ၅၀၀ မီလီလီတာ
• ပျားရည်အစစ် ၁ လက်ဖက်ရည်ဇွန်း
👉ပြုလုပ်နည်း.....
ဂျင်းကို ၁၀ မိနစ်ခန့်ပြုတ်ပါ။ အုန်းသကြားအနည်းငယ်ထည့်နိုင်ပါတယ် (မချိုချင်ရင် မထည့်ပါနဲ့)။ ပြီးရင် အရည်ကိုစစ်ယူပြီး နည်းနည်းအေးသွားတဲ့အခါ ပျားရည်ထည့်ပါ။ ညအိပ်ရာမဝင်ခင် နေ့တိုင်းသောက်ပေးပါ။ ဂျင်းက သွေးလည်ပတ်မှုကိုကောင်းစေပြီး ပျားရည်က ဦးနှောက်ကိုလန်းဆန်းစေပါတယ်။

image