🍋 သံပုရာပင် အသီးများအောင် ပြုလုပ်နည်း 🍋
- မိမိစိုက်ပျိုးထားတဲ့ သံပုရာပင်တွေ ပန်းပွင့်များများပွင့်ပြီး အသီးများစေဖို့အတွက် ဒီနည်းလမ်းတွေကို အသုံးပြုပေးပါ။ 😘
၁။ လေဝင်လေထွက် ကောင်းစေဖို့အတွက် မလိုအပ်တဲ့ အရွက်တွေနဲ့ အကိုင်းအခက်တွေကို ဖြတ်တောက်ပေးပြီး ရေလုံးဝမလောင်းဘဲ ၂ ပတ်ခန့် ထားပေးပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ကိုင်းတက်တွေမထွက်ခင် အနာယူဖို့ လှုံ့ဆော်ပေးပါတယ်။ 😘
၂။ ပန်းပွင့်များများ ပွင့်လာစေဖို့အတွက် - ငါးခူစာ ၁ ကီလိုဂရမ် ( စိမ်းစားငပိကို အစားထိုးသုံးနိုင်ပါတယ်။) ၊ ဆန်ဆေးရည် ၃ လီတာ ၊ သကြားညို ၁ ကီလိုဂရမ်တို့ကို သမသွားအောင် ရောစပ်ပေးပြီး သန့်ရှင်းတဲ့ ရေ ၂၀ လီတာထည့်ကာ ပျော်ဝင်သွားအောင် မွှေပေးပါ။ 😘
၃။ ရေမလောင်းဘဲ ၁၅ ရက်ပြည့်တဲ့အခါ ဖော်စပ်ထားတဲ့ အားဆေးရည်ကို ပင်စည်ပတ်ပတ်လည်မှာ စိုစွတ်သွားအောင် လောင်းပေးပါ။ ဒါမှ အညွန့်အသစ်တွေ ထွက်လာဖို့နဲ့ ပန်းပွင့်စေဖို့အတွက် လှုံ့ဆော်ပေးမှာ ဖြစ်ပါတယ်။ 😘
၄။ သံပုရာပင်ဟာ အရွက်တွေနဲ့အတူ ပန်းပွင့်တွေ ထွက်လာပြီ ဆိုရင်တော့ - ငါးပိရည် ၂ ဇွန်း ( ငါးပိရည် အစိမ်း) ၊ သန့်ရှင်းတဲ့ ရေ ၂လီတာကို ရောစပ်ပြီး အရွက်တွေပေါ်မှာ တစ်ပတ်တစ်ခါ ၊ တစ်ပင်လုံး ဖြန်းပေးရပါမယ်။ ဒါမှ ပန်းပွင့်တွေသန်မာစေပြီး အသီးတင်စေမှာ ဖြစ်ပါတယ်။ 😘
😘 ဘေးကင်းပြီး ကျန်းမာကြပါစေရှင်
