1 ပတ် - ဘာသာပြန်ပါ။

ဆူနာမီသတိပေးချက်ကြောင့် ဂျပန်နိုင်ငံမှာ လူ ၁.၉ သန်းကို ရွှေ့ပြောင်းနေထိုင်ဖို့ ထုတ်ပြန်ထား

ဂျပန်နိုင်ငံမြောက်ပိုင်း အီဝါတဲစီရင်စုမှာ ၄.၃ ပေအမြင့်ရှိတဲ့ ဆူနာမီလှိုင်းတွေ ရိုက်ခတ်ခဲ့ပြီး လူ ၁.၉ သန်းကို မြေမြင့်ရာ ရွှေ့ပြောင်းနေထိုင်ဖို့ ထုတ်ပြန်ထားပါတယ်။ ဂျပန်နိုင်ငံ အနှံ့အပြားမှာ ဆူနာမီလှိုင်း သတိပေးချက် ထုတ်ပြန်ထားရပြီး လက်ရှိအချိန်အထိ အလယ်အလတ်အဆင့်ပဲ ရှိသေးပေမဲ့ လာမယ့်နာရီပိုင်းအတွင်း အခြေအနေ ပိုထင်ရှားလာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ဆူနာမီလှိုင်းတွေနဲ့ ဒီရေတက်ချိန် ကြုံကြိုက်နေတာမို့ လှိုင်းအမြင့် ၉.၈ ပေအထိ ရောက်ရှိနိုင်တယ်လို့ ဂျပန်နိုင်ငံ မိုးလေဝသဌာနက သတိပေးထားပါတယ်။

ဖူကူရှီးမားနျူကလီးယားစွမ်းအင်စက်ရုံဟာလည်း ဆူနာမီသတိပေးချက် ထုတ်ပြန်ထားတဲ့ ဒေသတွေထဲမှာ ပါဝင်နေပြီး စက်ရုံဝန်ထမ်း ၄၀၀၀ လုံးကို ရွှေ့ပြောင်းပေးထားတယ်လို့ စက်ရုံကို လည်ပတ်နေတဲ့ ကုမ္ပဏီက ပြောပါတယ်။ ဝန်ထမ်းတွေကို ရွှေ့ပြောင်းပေးခဲ့ပေမဲ့ ဖူကူရှီးမားနျူကလီးယားစွမ်းအင်စက်ရုံမှာ ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်စုံတရာ မတွေ့ရဘူးလို့ ဆိုပါတယ်။

image