1 ပတ် - ဘာသာပြန်ပါ။

၂၀၂၆ အာရှဖူဆယ်ပြိုင်ပွဲ ခြေစစ်ပွဲအတွက် ပဏာမ မြန်မာ့လက်ရွေးစင်လူစာရင်း ထုတ်ပြန်

၂၀၂၆ အာရှဖူဆယ်ပြိုင်ပွဲ ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်‌ရွေးစင် ဖူဆယ်အသင်းအတွက် ပဏာမ ကစားဘသမား (၂၄) ဦး၏ စာရင်းကို ဇူလိုင် (၃၀)ရက်တွင် အဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနည်းပြ Mr. Pattaya Piemkum သည် ကျင်းပပြီးစီးခဲ့သည့် Carabao Futsal Cham -pion Cup 2025 ပြိုင်ပွဲမှ အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့သည့် ကစားသမားများကို ရွေးချယ်ထားခြင်းဖြစ်ပြီး ဩဂုတ် (၃) ရက်မှ စတင်၍ စခန်းသွင်းလေ့ကျင့်မှုများ ကို ပြုလုပ်မည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ၂၀၂၆ အာရှဖူဆ ယ်ပြိုင်ပွဲ ခြေစစ်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြ စ်ပြီး အုပ်စု (ဇ)တွင် အာဖဂန်နစ္စတန်အသင်းနှင့် စက်တင် ဘာ (၂၂) ရက်တွင် လည်းကောင်း၊ မော်လ်ဒိုက်အသင်းနှင့် စက်တင်ဘာ (၂၄) ရက်တွင်လည်းကောင်း ယှဉ်ပြိုင်ရမည် ဖြစ်သည်။

image