ကြက်သား ငံပြာရည်ပြုတ်နည်းနဲ့ ပင်လယ်စာအချဥ်ရည်စပ်နည်း
ပါဝင်ပစ္စည်းများ......
* ကြက်ပေါင်/ရင်သားအပါ ၁ ကီလိုဂရမ်
* စပါးလင် ၄ ပင် (အနည်းငယ်ထုချေထားပါ)
* နံနံပင်အမြစ် ၅ ပင်
* ကြက်သွန်ဖြူ ၈ မွှာ (ထုချေထားပါ)
* ငရုတ်ကောင်းစေ့ ၁ ဇွန်း (အနည်းငယ်ထောင်းထားပါ)
* ရေ ၁,၅၀၀ မီလီလီတာ
* ငံပြာရည် ၈ ဇွန်း
* ပဲငံပြာရည်အကြည် ၄ ဇွန်း
* ပဲငံပြာရည်အနောက် ၁ ဇွန်း
* ထန်းလျက် ၂ ½ ဇွန်း
အချဉ်ရည်အတွက် ပါဝင်ပစ္စည်းများ.......
* ငရုတ်သီးအနီ ၅ တောင့်
* ကြက်သွန်ဖြူ ၃ မွှာ
* နံနံပင်အမြစ် ၂ ပင်
* ထန်းလျက် ၁ ဇွန်း
* ငံပြာရည် ၂ ဇွန်း
* သံပရာရည် ၃ ဇွန်း
* (ပါဝင်ပစ္စည်းများအားလုံးကို ညက်အောင် ရောထောင်းပါ)
ပြုလုပ်ပုံအဆင့်ဆင့်........
* အိုးအောက်ခြေတွင် စပါးလင်များကို ခင်းပါ။ ထို့နောက် နံနံပင်အမြစ်၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းစေ့နှင့် ကြက်ပေါင်များကို ထည့်ပါ။
* ငံပြာရည်၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက်နှင့် ထန်းလျက်တို့နဲ့ အရသာနယ်ပါ။ ပြီးရင် ရေထည့်ပါ။
* မီးပြင်းပြင်းဖြင့် ဆူပွက်လာသည်အထိ တည်ပါ။ ဆူပွတ်လာလျှင် မီးအလယ်အလတ်လောက် လျှော့ပြီး အမြှုပ်များကို ဖယ်ရှားကာ မိနစ် ၃၀ ခန့် ဆက်ပြုတ်ထားပါ။
* ကြက်သားကို လှန်ပြီး နောက်ထပ် မိနစ် ၃၀ ခန့် ကြက်သားနူးအိပြီး အရည်များဝင်လာသည်အထိ ဆက်ပြုတ်ပါ။ ပြီးရင် မီးပိတ်ပြီး ပန်းကန်ထဲသို့ ထည့်ပါ။
* အရသာရှိသော ပင်လယ်စာအချဉ်ရည်နှင့်အတူ တွဲဖက်သုံးဆောင်နိုင်ပါပြီး အရသာက လိုက်ဖက်ညီလှပါတယ်။😋
