1 ပတ် - ဘာသာပြန်ပါ။

ကွယ်လွန်သွားခဲ့တဲ့ သခင်ကို စတိုးဆိုင်ရှေ့မှာ လပေါင်းများစွာ စောင့်ဆိုင်းခဲ့တဲ့ အာဝုလေးတစ်ကောင် ရှိခဲ့ဖူးပါတယ်။ ဒီဖြစ်ရပ်ကတော့ ထိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မူဒန်းဆိုတဲ့ အာဝုလေးဟာ သူ့သခင် အိမ်ခြေရာမဲ့တစ်ယောက် ကွယ်လွန်သွားခဲ့ပေမယ့် အရင်နေရာလေးမှာ သနားဖွယ်ရာ စောင့်ဆိုင်းနေခဲ့တာပါ။

သူ့သခင်က အိမ်ခြေရာမဲ့တစ်ယောက်ဖြစ်ပေမယ့် တစ်ခုတည်းသော သံယောစဉ်လေးကိုတော့ ဘယ်လောက်တောင် ချစ်ပေးခဲ့လဲ မပြောတတ်ပါဘူး။ အဆိုပါပုဂ္ဂိုလ်ဟာ (၂၀၂၄) ခုနှစ်၊ နိုဝင်ဘာလမှာ ကွယ်လွန်သွားခဲ့ပေမယ့် သူမွေးထားခဲ့တဲ့ အာဝုလေးကတော့ သူနဲ့သူ့သခင် အတူတူနေထိုင်ခဲ့တဲ့ 7-Eleven ရှေ့မှာပဲ လပေါင်းများစွာကြာအောင် စောင့်ဆိုင်းနေခဲ့ပါတယ်။

ဆိုင်ဝန်ထမ်းတွေ၊ အနီးအနားဝန်းကျင်ကလူတွေ၊ စျေးဝယ်တွေက ဒီအာဝုလေးတွေအတွက် လိုအပ်တဲ့ အစားအသောက်တွေ၊ စောင်အပါအဝင် အသုံးအဆောင်တွေ၊ အရုပ်လေးတွေကအစ ဝယ်ပေးခဲ့ကြပါတယ်။ လိုအပ်တဲ့ ဆေးစစ်ကုသမှုတွေကိုလည်း ပြုလုပ်ပေးခဲ့ကြပါသေးတယ်။

(၂၀၂၅) ဇန်နဝါရီမှာတော့ မိသားစုတစ်ခုက ဒီအာဝုလေးကို ခေါ်ယူမွေးစားခဲ့ပါတယ်။ နေရာအသစ်မှာ ချစ်ခြင်းမေတ္တာတွေနဲ့ မူဒန်းတစ်ယောက် ပျော်ရွှင်နေတော့မှာပါ။ ဒါပေမယ့်လည်း မရှိတဲ့ကြား၊ မပြည့်စုံတဲ့ကြားက သူ့ကို ဒီအရွယ်အထိ ရောက်လာအောင် စောင့်ရှောက်မွေးမြူခဲ့တဲ့၊ ကွယ်လွန်သွားတဲ့ သခင်ဟောင်းကိုလည်း သူမေ့သွားမယ် မထင်ပါဘူး။

image