1 ပတ် - ဘာသာပြန်ပါ။

သောင်ရင်းမြစ်ရေကြီးချိန် ကယ်ဆယ်ရေးလာခေါ်ဆောင်ပြောင်းရွှေ့ပေးသည့်အချိန်ကို ပြည်သူများလက်ခံရန် အသိပေး

ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ရေ ရေကြီးသည် ယနေ့ ဇူလိုင် ၃၀ ရက် ၁၂ နာရီအချိန်တွင် စိုးရိမ်ရေမှတ်၏ အထက်ကို ကျော်လွန် ရောက်ရှိနေသည့်အတွက် ကယ်ဆယ်ရေးအဖွဲ့များလာရောက်ခေါ်ဆောင်ပြောင်းရွှေ့ပေးသည့်အချိန်ကို ပြည်သူများလက်ခံရန် မြဝတီမြို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီအသိပေးထားသည်။

"အချို့က ခက်ခက်ခဲခဲသွားရောက်ကယ်ဆယ်ချိန်မှာ.. ရသေးတယ် နေဦးမယ်.. ညအချိန်မတော်မှာ နေမရတော့ဘူး လာကယ်ပါဆိုရင် ကယ်ဆယ်ရေးသမားတွေအတွက်လည်း အသက်အန္တရာယ်ရှိပါတယ်။ ဒါ့ကြောင့် နေ့ဘက်ကယ်ဆယ်ရေးအဖွဲ့တွေ လာပြောင်းရွှေ့ပေးတဲ့အချိန်မှာ လက်ခံပေးကြဖို့ပါ"ဟု ဆိုသည်။

မြဝတီမြို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီက ရေးဘေးကယ်ဆယ်ရေးစခန်း ၁၁ခု အထိဖွင့်ထားပြီး၊ အုပ်ချုပ်/ထောက်ပံ့ ကိစ္စရပ်များဆောင်ရွက်ထားရှိကြောင်း သိရသည်။

ထို့အပြင် ကယ်ဆယ်ရေးသမားများအားမေးခိုင်ကာကွယ်ဆေးများထိုးနှံပေးသည့်အပြင် ရေဘေးသင့်ပြည်သူများအတွက်ကျန်းမာရေးစောင့်ရှောက်မှုများပေးအပ်နေကြောင်း ဆိုသည်။

"ရေက ဒီလထဲမှာဘဲ ဒုတိယအကြိမ်ပေါ့၊ နှစ်ကြိမ်တက်လာတာပေါ့။ လူအသေအ ပျောက်တော့ ခုထိမရှိသေးဘူး၊ ဒီနေ့ဆို ရေက အထက ၁ ကျောင်းတောင်ကျော်နေတယ်။ ဈေးကုန်းပေါ်တော့မရောက်သေးဘူး"လို့ ဒေသခံတစ်ဦးက ဆိုသည်။

သောင်ရင်းမြစ်ရေသည် ယနေ့ ဇူလိုင် ၃၀ ရက်နေ့ မွန်းလွှဲ ၁၁နာရီအချိန်တွင် စိုးရိမ်ရေမှတ်အထက် ၁၃၅၄ စင်တီမီတာအထိ မြင့်တက်လာနေပြီး စိုးရိမ်ရေမှတ်မှာ ၉၆၃ စင်တီမီတာဖြစ်သည်။

image