ဒူးရင်း pillow

ဂျုံ 100g
သကြား 20g
ကြက်ဥ 2လုံး
Whipping cream တခွက်စာ
နွားနို့ တခွက်စာ
ထောပတ်
ဆားအနဲငယ်
မကပ်တဲ့ဒယ်အိုး

ပြုလုပ်ပုံ

ဂျုံ ကိုဇကာနဲ့စစ်ချပါမယ် ခွက်တခွက်ထဲကို
ပြီးရင်သကြားထည့် ကြ က်ဥနှစ်လုံးဖောက်ထည့်
နွားနို့ တခွက်စာ ထည့်
ဆားအနဲငယ်ထည့်
​ပီးရင်ခြင်းလုံးအတံလေးနဲ့ ကျေနေအောင်လက်နဲ့ မွှေပေးမယ် ။ပီးရင် ရလာတဲ့မုန့်နှစ်ကိုဇကာနဲ့ပြန်စစ်ယူမယ် မုန့်နှစ်သားချောလာတဲ့အထိ စစ်ချမယ်
ပီးရင် ရလာတဲ့မုန့်နှစ်သားအရည်ကို ရေခဲသေတ္တာထဲ ထည့်မယ် အပေါ်ကအသားတွေ ထုတ်တဲ့ ပလက်စတစ် လေးနဲ့ဖြစ်ဖြစ် မရှိလဲကျွတ်ကျွတ်အိတ်စွပ်ပီးလုံအောင် ပိတ်ပီး ထည့်မယ် အနဲဆုံး နာရီဝက်လောက်ထည့်ထားမယ်
သူ့ကိုထည့်ထားတဲ့အချိန်မှာ
Pillow ထဲထည့်မယ့် အနှစ်ပြင်ကြမယ်

Whipping cream ထဲကို သကြားပါတယ်ဆိုရုံထည့်မယ် အချိုကြိုက်ရင်ပိုထည့်ပေါ့ ပီးရင် မွှေထားမယ် ပစ်ပစ်လေး ဒူးရင်းသီး တွေကို အသားနွှင်ထားမယ် မချေရဘူး ပြဲသွားရင် မကောင်းတော့ဘူး ..
ခွက်တခုထဲထည့်ထားမယ်
ရပြီဆိုရင်
မုန်နှစ်ကိုထုတ်မယ် ခနလေးထားမယ်
မကပ်တဲ့ဒယ်အိုးမှာ မီးကိုအေးအေးလေးပဲထားမယ် ပူရုံလောက်ပဲ ရိုးရိုးဒယ်အိုးပဲရှိလဲရတယ် မီးကိုအသေလျှော့ထားမယ် ထောပတ်ဆီ သုတ်မယ် မုန့်ကို တဇွန်းစာယူပီး ဒယ်အိုးမှာ ပြားပြားလေးဖြစ်အောင် သုတ်ပေးမယ် အဝိုင်းလေးပေါ့
ပါးပါးလေး ဖြစ်ရမယ် ခြောက်ပီးအိအိ လေးဖြစ်သွားတဲ့
မုန့်အလွှာကိုပြောင်းပြန်လှန်ပီ ပန်းကန်ထဲထည့်မယ်
Pillow လုပ်မယ့် မုန့်သားပြားပြားအိအိလေးထဲကို ခုနက whipping cream သုတ်မယ် ဒူးရင်းသီးထည့်မယ်
ပီးရင် ခေါင်းအုံးပုံလေး စိတ်ရှည်ရှည်နဲ့ ခေါက်မယ်...
ဒယ်အိုးအထဲက ဂွင်ကြီးရင် မုန့်သားအဝိုင်းလဲကြီးမယ်
အပြည့်လုပ်ရတာကို
အဲ့တော့ မုန့်ခေါက်ရတဲ့နေရာမှာလဲ
ပိုလှမယ် အကုန်အုပ်မိလို့
ဒူးရင်းသီးနေရာမှာ ကြိုက်တဲ့အသီးအစားထိုးလို့ရသေးတယ်နော်
ပီးတော့ မုန်နှစ်ထဲကို အမကတော့ အစားအစာ ထဲထည့်တဲ့ အရောင်ကိုအဝါသေးသေးလေးသုံးထားတယ် မထည့်လဲရတယ်
Durian pillow လေးရပါပြီနော်
ကျေးဇူးတင်ပါတယ်

Crd

image