ရုရှားတွင်အင်အားပြင်းငလျင်လှုပ်အပြီး ဂျပန် ဆူနာမီသတိပေးချက်ထုတ်
ဧရာဝတီ၊ ဇူလိုင် ၃၀၊ ၂၀၂၅
ရုရှားနိုင်ငံ၊ ကမ်ချတ်ကာ ကျွန်း( Kamchatka Peninsula) ကျွန်းဆွယ် အရှေ့ဘက်ကမ်းရိုးတန်းတွင် ယနေ့ နံနက် အစောပိုင်းက ပြင်းအား ၈ ဒသမ ၈ မဂ္ဂနီကျု အဆင့်ရှိ ငလျင်တခုလှုပ်ခတ်အပြီး ဂျပန်မိုးလေဝသအေဂျင်စီသည် ဟော့ကိုင်းဒိုးမှ ကျူရှူးတလျောက် ကျယ်ပြန့်သော ဂျပန်နိုင်ငံ၏ ပစိဖိတ်ကမ်းရိုးတန်းအတွက် ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ရုရှားနိုင်ငံ ကမ်ချတ်ကာဒေသ၌ အမြင့် ၃-၄ မီတာ (၁၀-၁၃ ပေ) ရှိသည့် ဆူနာမီတခုကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြသည်။
အမေရိကန်ဘူမိဆိုင်ရာ သုတေသနအဖွဲ့ (USGS) ၏ အဆိုအရ ငလျင်သည် အနက် ၁၉ ဒသမ၃ ကီလိုမီတာ၊ ပြင်းအား ၈ဒသမ၈ ရှိပြီး၊ ဂျပန်၊ အလာစကာ၊ ဟာဝိုင်အီနှင့် ဂူအမ်တို့သည် ဆူနာမီသတိပေးချက်အောက်တွင် ရှိနေသည်ဟု ကနဦးအစီရင်ခံစာများက ဖော်ပြသည်။
အပျက်အစီးများနှင့် နောက်ဆက်တွဲအခြေအနေများအား ဆက်လက်ဖော်ပြပေးသွားမည်။
