ဘယ်လောက်ပဲ ဘဝတွေက မြင့်နေပါစေ
ကံ တွေကနိမ့်တဲ့အခါ
ဘဝဟာလည်း အလိုလိုနိမ့်ကျသွားပါတယ် ။
ဘယ်လောက်ပဲ မာန ထောင်လွှားနေပါစေ
ကံ လှဲတာခံရတဲ့အခါ အလိုလိုလဲကျသွားပါတယ် ။
ဘယ်လောက်ပဲ မော်ကြွားနေပါစေ
ကံက ရိုက်ချိုးတဲ့ အခါ
အလိုလို အောက်ကျို့သွားရပါတယ် ။
မိမိရဲ့အပြုအမူတိုင်းက
မိမိရဲ့ကံကိုဖော်ဆောင်တာမို့လို့
ကံက မမုန်းအောင်နေပါ ။
ဆင်းရဲတဲ့သူကလည်း . . .
တစ်သက်လုံးဆင်းရဲနေမှာမဟုတ်သလို
ချမ်းသာတဲ့သူကလည်း . . .
တစ်သက်လုံးချမ်းသာနေမှာမဟုတ်ပါဘူး ။
ကံတရားရဲ့ အပြောင်းအလဲတွေအောက်မှာ
ကြံ့ကြံ့ခံနိုင်အောင် စိတ်ကိုပြင်ဆင်ထားပါ ...
(မေတ္တာဖြင့်မျှဝေပါသည်)30/7/2025