1 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ဖူးခက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာရွှေ့ပြောင်းလုပ်သားများ လစာမရဘဲ အလုပ်ထုတ်ခံရ
ထိုင်းနိုင်ငံတောင်ပိုင်းဖူးခက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခု ၌ ယခုရက်ပိုင်းတွင် လုပ်ငန်းရှင်ကမြန်မာအလုပ်သမား ၄၁ ဦးအား လုပ်ခသုံးလစာမပေးသည့်အပြင် အလုပ်မှထုတ်ခဲ့ကြောင်း ကူညီပေးနေသည့် WAG အလုပ်သမား မဟာမိတ်အဖွဲ့မှ သိရသည်။
မြန်မာအလုပ်သမားများသည် လတ်တလောတွင် စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်နေရပြီး ၎င်းတို့၏လုပ်အားခများ ပြန်လည်ရရှိရန်အတွက် WAG အလုပ်သမားမဟာမိတ်အဖွဲ့က ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာအလုပ်သမားများ၏ အကူအညီတောင်းခံချက်အရဖူးခက် မြို့တွင် ဇူလိုင်၂၈ရက်က WAG အလုပ်သမားမဟာမိတ်အဖွဲ့မှ အလုပ်သမားများနှင့် တွေးဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် စက်ရုံသူဌေးက ပွဲစားများနှင့်ပူးပေါင်းကာ အကြောင်းမဲ့အလုပ်ထုတ်ခံရခြင်း၊ လုပ်ခလစာမရခြင်း၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခြင်းခံရခြင်းများ မကြာခဏ ကြုံနေရကြောင်း မြန်မာအလုပ်သမားအရေး ကူညီသူအချို့မှ သိရသည်။
ဓာတ်ပုံ - WAG

image