1 w - Translate

◼ သောင်ရင်းမြစ်ရေမြင့်တက်လာခြင်းကြောင့် မြဝတီ၌ရေကြီးရေလျှံထပ်ဖြစ်
ကရင်ပြည်နယ်၊ မြဝတီမြို့၌ရှိသောင်ရင်းမြစ်ရေမြင့်တက်လာခြင်းကြောင့် ယနေ့(ဇူလိုင် ၂၉ ရက်) နံနက်ပိုင်းတွင် ရပ်ကွက်(၁)နှင့် (၂) တို့၌ရေကြီးရေလျှံခြင်းများထပ်မံဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှသိရသည်။
ယခုလဇူလိုင် ၂၄ ရက်တွင်လည်းသောင်ရင်းမြစ်ရေမြင့်တက်ခဲ့ခြင်းကြောင့် အနိမ့်ပိုင်ရပ်ကွက်များဖြစ်သည့် ၁၊ ၂ ၊ ၃ ၊ ၄ ၊ ၅ စသည့် ရပ်ကွက်များတွင် ရေကြီးရေလျှံခြင်းများဖြစ်ပေါ်ခဲ့ပြီး ယာယီကယ်ဆယ်ရေးစခန်း ၁၁ ခုဖွင့်လှစ်ခဲ့ရသည်။
"အခုကဒုတိယအကြိမ်လို့ပြောလို့ရပါတယ်။ ပထမအကြိမ်တုန်းကမိုးရွာတယ်။ မြစ်ရေတက်တာ ကြမ်းတယ်။ အခုကမကြမ်းဘူဆိုပေမယ့်လည်းတက်တာကမြန်တယ်။ အခုအနိမ့်ပိုင်းဖြစ်တဲ့ရပ်ကွက် (၁) နဲ့ (၂) မှာတော့ရေဝင်နေပြီ။ ကျန်တဲ့ရပ်ကွက်တွေလည်းအခြေနေစောင့်ကြည့်နေရပါတယ်" ဟု မြဝတီမြို့ရှိ ဒေသခံတစ်ဦးကပြောသည်။
ထို့ပြင်ဘားအံမြို့တွင်လည်း သံလွင်မြစ်ရေထပ်မံမြင့်တက်လာသောကြောင့် ရေဘေးရှောင်ပြည်သူများ ကယ်ဆယ်ရေးစခန်းများတွင် ဆက်လက်နေထိုင်နေကြရကြောင်း မာဃလူမှုကူညီရေးအသင်း (ဘားအံမြို့) ထံမှသိရသည်။
သတင်း - ပိုင်လေး
#ပြည်တွင်းသတင်း

image